အပျင်းထူတတ်သူတွေအဖို့ တီထွင်ထားတဲ့ ခေတ်ပေါ်ပစ္စည်းအလန်းလေးများ

Y-Brush, Guzzle Buddy

တစ်ချို့က ပြောပါတယ်။ အပျင်းထူတဲ့သူတွေဟာ ဥာဏ်ကောင်းသူတွေဖြစ်ပြီး အလုပ်တွေကို မြန်မြန်ပြီးမြောက်အောင် အမြန်ဆုံးနည်းနဲ့ လုပ်နိုင်ကြသူတွေလို့ ဆိုပါတယ်။ ယခုနှစ်ထဲမှာတော့ အပျင်းထူသူတွေအတွက် ရည်ရွယ်ကာ ထုတ်လုပ်ထားပုံပေါ်တဲ့ ကုန်ပစ္စည်းအသစ်လေးတွေကို insider ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

သွားတိုက်တံ

Y-Brush

Y-Brush လို့ခေါ်ကြတဲ့ ဒီသွားတိုက်တံကတော့ အဆင်မြင့်သွားတိုက်တံ အမျိုးအစား ဖြစ်ပါတယ်။ အသုံးပြုသူအနေနဲ့ လုပ်ရမှာက သူ့ကို ကိုက်ထားလိုက်ရုံပါပဲ။ Y-Brush ဟာ (၁၀) စက္ကန့်အတွင်း ခံတွင်းထဲကို အလိုအလျောက် သန့်စင်ပေးသွားမှာပါ။ ကျသင့်ငွေကတော့ (၁၂၅) ဒေါ်လာ ဖြစ်ပါတယ်။

အိပ်ရာခင်း

Smartduvet

Smartduvet ဟာ အိပ်ရာခင်းရမှာ ပျင်းတဲ့စုံတွဲတွေနဲ့ အကိုက်ညီဆုံးပါပဲ။ အိပ်ရာသိမ်းစရာ မလိုပဲ စက်ကနေ အလိုအလျောက် အပေါ်ခြုံစောင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးသွားမှာပါ။ စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်တဲ့အပြင် သီးခြားအပူချိန်ထိန်းညှိစက်လည်း ပါပြီး နှစ်ယောက်စလုံး သက်တောင့်သက်သာရှိတဲ့ အပူချိန်ရရှိအောင် ထိန်းညှိနိုင်ပါသေးတယ်။ Smartduvet ခြုံစောင်တွေကတော့ ဒေါ်လာ(၃၀၀) လောက် ရှိပါတယ်။

READ
အွန်လိုင်းပေါ်က ပြုံးနေတဲ့ Smiley face လေးတွေ ပေါ်ပေါက်လာပုံအကြောင်း

ဖုန်စုပ်စက်

Roomba/Target

Roomba အမည်ရတဲ့ ဖုန်စုပ်စက်ဟာ စကားသံနဲ့ အမိန့်ပေးပြီး အလုပ်ခိုင်းစေနိုင်တဲ့ ဖုန်စုပ်စက်ဖြစ်ပါတယ်။ ဖုန်စုပ်စက်ကို ခလုတ်သွားနှိပ်နေစရာတောင်မလိုပဲ အသုံးပြုနိုင်ပါတယ်။ ဓာတ်အားအပြည့်သွင်းထားရင် နာရီ(၉၀) ဆက်တိုက် အလုပ်လုပ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ(၃၀၀) ၀န်းကျင် ရှိပါတယ်။

ကော်ဖီစက်

Urban Outfitters

အိပ်ရာဘေးမှာ ထားနိုင်ပြီး နာရီအဖြစ်ရော၊ နှိုးစက်အနေနဲ့ရော ကော်ဖီစက်အသွင်နဲ့ရော အလုပ်လုပ်နိုင်တဲ့ all in one ဖြစ်ပါတယ်။ ကော်ဖီကို မနက်မိုးလင်းလင်းချင်း သောက်ရမှ ၊ ကော်ဖီရနံ့လေးနဲ့ အိပ်ရာထရမှ ကျေနပ်သူတွေအတွက်တော့ နှစ်ခြိုက်စရာကောင်းတဲ့ ပစ္စည်းလေးပါပဲ။ တန်ဖိုးကတော့ ဒေါ်လာ(၄၄၅) လို့ ဆိုပါတယ်။

ဝိုင်ခွက်

Guzzle Buddy

Guzzle Buddy ဟာ ၀ိုင်ပုလင်းကို ၀ိုင်ခွက်အဖြစ် ပြောင်းနိုင်ပါတယ်။ ပြောရရင် ၀ိုင်ထည့်ဖို့ ခွက်မလိုတော့ပဲ ပုလင်းထိပ်မှာ ၀က်အူနဲ့ကြပ်ပြီး တပ်သောက်နိုင်တဲ့ ခွက်ဖြစ်ပါတယ်။ ၀ိုင်ချစ်သူတွေအနေနဲ့ ခွက်ထဲ ၀ိုင်ကုန်သွားရင် ပြန်ဖြည့်နေစရာမလိုတော့ပဲ ပုလင်းလိုက် စိတ်ကြိုက်သောက်နိုင်ဖို့ စီမံထားတာပါ။ ခွက်တန်ဖိုးကတော့ ဒေါ်လာ(၁၀) အောက်သာ ရှိပါတယ်။

READ
မွေးချင်းထဲမှာ အကြီးဆုံးကလေးတွေဟာ တကယ်ပဲ ဥာဏ်ရည်အထက်မြက်ဆုံးလား....

လင်းလင်း (ShweMom)

SHARE