အရပ်ပုတဲ့အမျိုးသမီးနဲ့ အရပ်ရှည်တဲ့အမျိုးသားတွေဟာ ပျော်စရာအကောင်းဆုံး စုံတွဲလို့ဆို

Atstock Productions / Shutterstock

ကိုယ့်ရဲ့ အရပ်ပုတဲ့ချစ်သူလေးကို ငုံ့ကြည့်ရတာတို့၊ ကိုယ့်ထက် အရပ်ရှည်တဲ့ချစ်သူကို ခြေဖျားထောက်ပြီး အနမ်းတွေ ဖလှယ်ရတာတို့ဟာ ဇာတ်ကားတွေထဲမှာသာ ရိုမန့်တစ်ဖြစ်တာ မဟုတ်ပါဘူး။ အပြင်မှာလည်း တကယ်ပျော်စရာကောင်းပြီး၊ လိုက်ဖက်တဲ့စုံတွဲတွေလို့ ဆိုပါတယ်။

အရပ်ရှည်ရှည်အမျိုးသားနဲ့ အရပ်ပုတဲ့ အမျိုသမီးတို့ စုံတွဲဖြစ်ပြီဆိုရင် အဲဒီစုံတွဲဟာ ကမ္ဘာပျော်မှာ ပျော်စရာအကောင်းဆုံး စုံတွဲဖြစ်တတ်ကြောင်း လေ့လာမှုစစ်တမ်းတစ်ရပ်က ဆိုပါတယ်။ အားလုံးသိတဲ့အတိုင်း အမျိုးသမီးတော်တော်များများဟာ အရပ်ရှည်တဲ့လူကိုသာ ချစ်သူအဖြစ် ရွေးချယ်လိုကြပါတယ်။

Maridav / Shutterstock

Game Of Thrones မှာ Gregor Clegane အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Thor Bjornsson နဲ့ သူ့ရဲ့ဇနီးပေါက်စလေး Kelsey Henson ကို အားကျအတုယူဖို့ မဆိုလိုပေမယ့်၊ သုတေသနပညာရှင်တွေကတော့ အဲဒီလို အရပ်အမောင်းကွာခြားချက်ကြီးမားတဲ့ စုံတွဲတွေဟာ အချစ်ရေးမှာ ပိုပြီး ပျော်စရာကောင်းတယ်လို့ ဆိုပါတယ်။

သုတေသနပညာရှင် Kitae Sohn က “ အများသိတဲ့အတိုင်းပဲ အမျိုးသမီးတွေ တော်တော်များများကတော့ ရှေးယခင်ကတည်းက ဆင့်ကဲဖြစ်စဉ်အတိုင်း အရပ်ရှည်တဲ့ အမျိုးသားတွေနဲ့ပဲ သားဆက်ပေါက်ဖွားချင်ကြပါတယ် … အရပ်ရှည်တဲ့ အမျိုးသားက သူတို့ဇနီးတွေကို ပိုပြီး ပျော်ရွှင်အောင် ထားတယ်လို့ တိတိကျကျ လေ့လာမှုတော့ မလုပ်ရသေးပါဘူး ”လို့ ပြောပါတယ်။

fizkes / Shutterstock

သူမက ဆက်လက်ပြီး “ ကျွန်မ ဆိုလိုချင်တာက ဆင့်ကဲဖြစ်စဉ် အကြောင်းပြချက်တွေကြောင့် အမျိုးသမီးတွေဟာ အရပ်ရှည်တဲ့ကောင်လေးကို လက်တွဲချင်ကြတယ်လို့ ပြောချင်တာမဟုတ်ဘဲ .. ကျွန်မတို့တစ်တွေ ကိုယ်တိုင်က ဒီအတိုင်းပဲ စိတ်ထဲမှာ မှတ်ယူနေကြတယ်ဆိုတဲ့ သဘောပါ ”လို့ ပြောပါတယ်။

ဒါပေမယ့် သူမက အင်ဒိုနီးရှားက လေ့လာတွေ့ရှိမှု အချက်အလက်တွေကို ကိုးကားခဲ့ပါတယ်။ အဲဒီတွေ့ရှိချက်မှာတော့- “အရပ်ရှည်တဲ့ အမျိုးသားတွေဟာ သူတို့ဇနီးတွေကို ချစ်ခင်တဲ့နေရာ၊ ပျော်အောင်ထားတဲ့နေရာမှာ အလွန်တော်ကြတယ်လို့ ဆိုပါတယ်။ လက်ထပ်ပြီး သက်တမ်း (၁၈)နှစ်နောက်ပိုင်းမှာ အိမ်ထောင်စုတော်တော်များများ အပျော်ဘက်မှာ နည်းလာကြပါတယ်။

ဒီလိုအနေအထားမှာ ခင်ပွန်းဟာ အိမ်ထောင်ရေးသာယာမှုကို ထိန်းသိမ်းဖို့ အဓိကအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ကတော့ အိမ်ထောင်ပြူမယ်ဆို အရပ်ရှည်တဲ့အမျိုးသားကို ရွေးချယ်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ ကြာမြင့်တဲ့အချိန်ထိ သူတို့က လွှမ်းမိုးနေကြမှာပါ။

sergey causelove / Shutterstock

ဆိုရရင် အချိန်ကာလအတော်ကြာလာတာနဲ့အမျှ အရပ်အနိမ့်အမြင့်က အိမ်ထောင်တစ်ခုအပေါ်မှာ အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ  ဘယ်လောက်သက်ရောက်မှုရှိတယ်ဆိုတာ ဖော်ပြနေပါလိမ့်မယ်။ သေချာသလောက်ကတော့ ရှေးယခင်ကတည်းက အစဉ်အဆက်ဖြစ်လာခဲ့တဲ့ ဆင့်ကဲဖြစ်စဉ်တွေကြောင့်ပါ”ဆိုပြီး ဖော်ပြထားပါတယ်။

အခြား လေ့လာတွေ့ရှိမှုမှာတော့ အရပ်ရှည်သူတွေဟာ ကောင်မလေးတွေကို စွဲဆောင်နိုင်ရုံသာမက ပိုပြီးကောင်းတဲ့ ဦးဆောင်နိုင်မှုစွမ်းရည်တွေကို ပိုင်ဆိုင်ထားကြပါသတဲ့။ နောက်ထပ် အတည်ပြုမှုမှာတော့ လူကောင်ကြီးကြီး အမျိုးသားတွေကို အမျိုးသမီးတွေက ပိုပြီး စမတ်ကျတယ်လို့ ထင်မြင်ကြပါတယ်။

(၂၀၁၃)ခုနှစ်က Psychology Today မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ စာရေးသူ့ ပါမောက္ခ Susan Krauss Whitbourne ကလည်း ဒီအချက်တွေကို ထောက်ခံထားပြီး၊ အရပ်ရှည်တဲ့ အမျိုးသားတွေဟာ တစ်စုံတစ်ခုသော အရေးအကြောင်း ရှိတယ်ဆိုပါက မိသားစုကို အပြည့်အဝ ကာကွယ်ပေးနိုင်တဲ့ စွမ်းအားတွေ သတ္တိတွေရှိတယ်လို့ဆိုပါတယ်။

လင်းသူရိန်

SHARE