သင့်ချစ်သူကောင်မလေးနဲ့လမ်းခွဲသင့်တဲ့ အကြောင်းအရင်းများ

ချစ်တိုင်းမညား၊ ညားတိုင်းမချစ်ဆိုတဲ့ စကားကိုShwemomပရိသတ်ကြီးရင်းနှီးပြီးသားဖြစ်မှာပါ။တခါတလေ ချစ်သူနှစ်ဦး ချစ်နေကြပေမယ့် အခြေအနေအမျိုးမျိုးကြောင့်နှစ်ဦးသဘောတူလမ်းခွဲလိုက်ရတာရှိသလိုရှေ့ဆက်လက်တွဲဖို့ လုံးဝ မဖြစ်နိုင်တော့လို့ကိုယ့်ဘက်ကအရင်လက်တွဲဖြုတ်လိုက်ရတဲ့အဖြစ်မျိုးတွေလည်းရှိပါတယ်။ဒီတခါတော့ ယောက်ျားလေး ရှုထောင့်ကနေ ကိုယ့်ချစ်သူကိုလမ်းခွဲသင့်တယ်ဆိုတဲ့ဆုံးဖြတ်ချက်အတွက် ဘယ်လို အချက်လေးတွေ ရှိဖို့လိုတယ်ဆို တာဖော်ပြပေးလိုက်ပါတယ်။

(၁)သူမကိုမချစ်တော့ဘူး

Quiz-Is-my-Partner-still-in-Love-with-Me

ဒါက အဓိကအချက်ဖြစ်ပါတယ်။သံယောဇဉ်တွေကြာရှည်ခိုင်မာနေခဲ့ရင်တောင် သူ့အပေါ်ကောင်းသောလမ်းခွဲခြင်း နဲ့လမ်းခွဲဖြစ်လိမ့်မယ်။သူမကို ချစ်သူတစ်ယောက်အနေနဲ့ရော၊ ပါတနာတစ်ယောက်အနေနဲ့ပါ မချစ်နိုင်တော့တဲ့ အတွက် ဒါဟာ လမ်းခွဲဖို့သေချာနေတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။

 

(၂)တစ်ယောက်နဲ့တစ်ယောက်မှီခိုမှုမရှိတော့ဘူး

တကယ်ခိုင်မာတဲ့အချစ်ကိုပိုင်ဆိုင်ထားကြတဲ့ချစ်သူတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်တစ်ယောက် အမြဲလို အပ်နေ တတ်ကြတယ်။သူမရှိရင်မနေတတ်သလို ကိုယ်မရှိရင်လည်းသူ့အတွက် အဆင်မပြေနိုင်ဘူး စသဖြင့်တစ်ယောက် နဲ့တစ်ယောက်နှလုံးသားချင်းနီးကပ်နေဖို့လိုပါတယ်။ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ မှီခိုမှုမရှိတော့ဘူးဆိုရင်ကိုယ်က သူ့အတွက်ရှင်သန်နေပေးစရာမလိုတော့တဲ့အဓိပ္ပာယ်ပါပဲ။

(၃)သူမရဲ့အပြုအမူတွေက သင့်အတွက်နာကျင်စရာတွေဖြစ်နေလား

ချစ်သူတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်ကျွန်းကိုင်းမီ ကိုင်းကျွန်းမီဆိုပေမယ့် တစ်ယောက်တည်းက တဖက်သတ် အနိုင်ယူနေတတ်တဲ့ relationshipကတော့ ဘယ်တော့သာယာတဲ့ relationshipမဖြစ်နိုင် ပါဘူး။ချစ်သူတွေမှာ ကောင် မလေးအများစုက ကိုယ့်ချစ်သူရဲ့ဂရုစိုက်မှု၊ ပေးဆပ်မှုကို လိုချင်ကြပေမယ့် သာမန်ထက်ပိုပြီး သင့်ကို တောင်းဆိုနေတယ် ဆိုရင်တော့ သူမက သင့်ကိုတကယ်ချစ်တာရောဟုတ်ရဲ့လား၊သူမဘ၀တိုးတက်ဖို့ သင့်ကို အသုံးချရုံသက် သက်တွဲနေ တာလားဆိုတာစဉ်းစားသင့်ပါပြီ။ဒီလိုဆိုရင်တော့ သင့်ဘက်ကလိပ်ပြာသန့်သန့်နဲ့လက်တွဲဖျြုတ်နိုင်ပါတယ်။

READ
ပုရိသတွေလက်တွဲဖြုတ်သင့်တဲ့ စရိုက်ဆိုးမိန်းကလေးများ

(၄)သူမက မာယာများတတ်သူလား

Girlfriend-Flirts-with-Other-Guys

နေရာတကာမှာ ရိုးသားမှုက အံဝင်ခွင်ကျမဖြစ်ပေမယ့် ရိုးသားတဲ့သူတစ်ယောက် အတွက် လောကကြီး ကကောင်း ကြီးပေးမှာပါ။ဒါပေမယ့် သင့်မိန်းကလေးက မရိုးသားတဲ့သူတစ်ယောက်ဆိုရင်တော့ အဲဒီလိုကောင်းချီးပေး မှုကိုမခံရတဲ့ အပြင် သင့်ကိုပါထိခိုက်စေနိုင်ပါတယ်။မရိုးသားဘူးဆိုတဲ့အဓိပ္ပာယ်ဟာ လှည့်ဖျားတတ်သလို၊ သူမနဲ့ပတ်သက်ပြီးအမှန် တိုင်းပေးမသိတာ၊ထိန်ချန်ထားတာ၊သင့်အပြင်တခြားယောက်ျားလေးတွေနဲ့ ပရောပရီနေတာတွေကိုဆိုလိုတာပါ။သင်က သ၀န်မတိုတတ်တဲ့သူဆိုရင်တောင် ဒီလိုအခြေအနေတွေက relationshipတွေအတွက် ရေရှည်ဆက်ဆံရေး ကိုထိ ခိုက်စေနိုင်ပါတယ်။ အချိန်တွေမလွန်ခင် လက်စသတ်ထားလိုက်တာပဲကောင်းပါတယ်။

(၅)ဒါတွေကို သင်မလုပ်ချင်ဘူး

နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ ချစ်သူတွေရဲ့ နောက်ဆုံးပန်းတိုင်က လက်ထပ်ပေါင်းသင်းပြီး ပျော်ရွှင် စရာကောင်းတဲ့မိသားစုဘ၀ကိုအတူတကွတည်ဆောက်သွားကြဖို့ပါပဲ။အဲဒီအတွက် ချစ်သူနှစ်ယောက်လုံးက မျှတတဲ့တာ ၀န်ခွဲဝေမှုတွေနဲ့ အတူတကွကြိုးစားရမှာပါ။ဒါကြောင့်သင်တို့နှစ်ယောက်ရဲ့အနာဂတ်အတွက် ဦးဆောင်သူတာဝန်ယူမယ့် သင့်အနေနဲ့ပြန်လည်သုံးသပ်ဖို့ပါပဲ။သင်တို့လက်ထပ်ပြီးသွားရင် ကလေးယူမှာလား၊ သင့်အနေနဲ့ ဦးဆောင်သူ တစ်ယောက်ရဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နိုင်မှာလား၊မိသားစုစီးပွားရေးအတွက် ရည်ရွယ်ချက်တွေနဲ့ ခိုင်မာ တဲ့ ခြေလှမ်းတွေစနိုင်နေပြီလား စသဖြင့်မဖြစ်မနေထမ်းဆောင်ရမယ့်အိမ်ထောင်တစ်ခုရဲ့တာဝန်တွေအတွက် သင်အဆင် သင့်မဖြစ်သေးဘူး၊သင့်ကိုယ်သင်ယုံကြည်မှုမရှိဘူးဆိုရင်တော့ သင့်ချစ်သူကို လွတ်လပ်ခွင့်ပေးလိုက်ပါ။ သူမ ပျော်ရွှင် အောင်သင်မစွမ်းနိုင်ဘူးဆိုရင် သူမကိုချစ်တဲ့တခြားတစ်ယောက်ဆီက ရနိုင်အောင်သင်ခွင့်ပြုပေးလိုက်ပါ။

READ
အမျိုးသမီးတွေလိုချင်တောင့်တသော အရည်အချင်းများ

ဘယ်လိုပဲဖြစ်ဖြစ် ရှိပြီးသား relationshipတစ်ခုကိုတော့ ခိုင်မာတည်မြဲအောင်တည်ဆောက်သင့်ပါတယ်။ချစ်တဲ့သူတွေ အတူတကွရှိနေခြင်းက ပိုပြီးလုံခြုံနွေးထွေးမှုကို ခံစားရစေမှာပါ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

source:lovepanky.com

SHARE