သူမကို တကယ်ပဲ လက်လွှတ်ရဖို့ အချိန်တန်နေပြီလား

ချစ်သူတွေ လမ်းခွဲသွားကြတယ်ဆိုတာ အကြောင်းပြချက် အများကြီးရှိပါတယ်။ တစ်ချို့တွေက နားလည်မှုလွဲသွားတာကြောင့် ၊ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းမတိုက်ဆိုင်တာကြောင့် လမ်းခွဲခဲ့ရတာပါ။ နားလည်မှုလွဲသွားတာကြောင့် လမ်းခွဲခဲ့ကြရင် ပြန်တွဲဖို့ကဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် (သို့) တစ်ယောက်က မချစ်တော့လို့ လမ်းခွဲခဲ့ကြရင် ပြန်တွဲဖို့ မဖြစ်နိုင်တော့ပါဘူး။

သင့်ကိုအကြောင်းပြချက်မရှိဘဲ လမ်းခွဲခဲ့တယ်

သင့်က သူမကို လိမ်ခဲ့လို့၊ သူမရဲ့ ယုံကြည်မူကို အလွဲသုံးစားလုပ်ခဲ့လို့ ဆိုရင်တောင် သူမကို ပြန်လိုက်ဖို့က ဖြစ်နိုင်ပါသေးတယ်။ အခုက သူမက သူမရဲ့ အကြောင်းပြချက်တစ်ခုကြောင့် ၊ သင့်ကို မချစ်နိုင်တော့တာကြောင့်ဆိုရင်တော့ လက်လွှတ်လိုက်ပါတော့နော်။ ဒီအကြောင်းပြချက်ကြီးကိုတော့ သင်ပြင်လို့မရနိုင်ပါဘူး။

အရာအားလုံးနဲ့ ကြိုးစားကြည့်ခဲ့ပြီးပြီ

သူမ အချစ်ကိုပြန်ရအောင် အချိန်နဲ့ အမျှကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘူး။ သင်အရာအားလုံးနဲ့ ကြိုးစားကြည့်ပြီးတာကို သူမက လက်မခံတော့ဘူးဆိုရင်တော့ လက်လွှတ်လိုက်ပါတော့။ အဲ့လိုဆို သူမကို လက်လွှတ်ဖို့ အချိန်တန်ပါပြီးနော်။

READ
ချစ်သူရချင်ရင် လိုက်နာရမယ့် အရာ (၅) မျိုး

သင့်ကို အလိုမရှိတော့ဘူး

သူမ သင့်ကို စကားလာမပြောတော့ဖို့ အကြိမ်ကြိမ် ပြောနေတယ်။ သူမနဲ့ ပြန်တွဲဖို့ သင့်အတွက်မကောင်းတော့သလို သူမအတွက်လည်း မကောင်းတော့ပါဘူး။ သင့်ကို မချစ်တော့လို့ သူ့ဘ၀သူ ဆက်လျှောက်ချင်နေတဲ့ သူကို လက်လွှတ်ပေးလိုက်ပါတော့။ သူမ သင့်ကိုသာ ချစ်နေသေးရင်  ပြန်တွဲဖို့ ဖြစ်နိုင်ပါသေးတယ်။

သူမမှာ နောက်တစ်ယောက်ရှိနေပြီး

ဒီအချက်ကတော့ သင့်ဘယ်လိုမှ ကြိုးစားလို့မရနိုင်တော့တာ သေချာနေတဲ့ အချက်ပါ။ သူမမှာ နောက်တစ်ယောက်ရှိနေပြီးဆိုရင်တော့ သင် သူမကို လက်လွှတ်လိုက်ပါတော့နော်။ ပြီးရင်တော့ သူမပျော်ပါစေ လို့သာ ဆုတောင်ပေးလိုက်ပါ။

သင့်ရဲ့ဖုန်းနံပါတ်က အစ ဘလော့လုပ်ထားတယ်

သူမနဲ့ပြန်တွဲဖို့ ကြိုးစာနေတဲ့ သင့်ကို ဘလော့လိုက်တာဟာ သင့်နဲ့ အဆက်အသွယ်မလုပ်ချင်တော့ဘူးဆိုတဲ့သဘောပါ။ သင့်ကို စကားပြန်မပြောချင်တော့လို့ ဘလော့လိုက်တာပါ။ သင့်ပြန်ကြိုးစားနေတာကို အသိအမှတ်မပြုတော့ဘူးဆိုရင်တော့ သူမကို လက်လွှတ်ဖို့ အချိန်တန်နေပါပြီး။

READ
မိန်းကလေးတစ်ယောက် သင့်ကို ချူနေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ

သင့်ကို တခြားလူကတစ်ဆင့် သတိပေးခိုင်းတယ်

သင့်နဲ့ အဆက်အသွယ်မလုပ်တော့လောက်အောင်ဖြစ်နေတဲ့သူမက သင့်ကို တခြားလူတွေကနေတစ်ဆင့် သတိပေးခိုင်းလိုက်တယ်။ ပြန်တွေ့ဖို့ မဖြစ်နိုင်တော့ဘူးတာကို သူငယ်ချင်းတွေကနေတစ်ဆင့် ပြောခိုင်းတယ်။ သင့်ကို ရပ်လိုက်ဖို့ပြောခိုင်းလိုက်တယ်ဆိုရင် လက်လျော့လိုက်ပါတော့။ သူမ မချစ်နိုင်တော့လို့ သင့်နဲ့လမ်းခွဲခဲ့တာမို့ သင်ဘယ်လောက်ပဲကြိုးစားကြိုးစား ပြန်တွဲဖို့က မဖြစ်နိုင်တော့ပါဘူး။ သူမကို လက်လျော့လိုက်ပြီး သင့်လမ်းသင် ဆက်လျှောက်လိုက်ပါတော့နော်။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE