ရေနွေးနဲ့ရေ အေး ဘာကို ရွေးချယ် သောက်သင့်လဲ.? (ကောင်းကျိုး ဆိုးကျိုးများ)

Image:freepik

အရွယ်ရောက်ပြီးသားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ရေဓါတ်က (၅၀) ရာခိုင်နှုန်း က နေ (၆၀)ရာခိုင်နှုန်း လောက် အထိ ရှိပါတယ်။ရေက လူခန္ဓာကိုယ်ကျန်းမာသန် စွမ်း ဖို့ အတွက် မရှိ မဖြစ် အ ရေးပါတဲ့ အရာတစ်ယောက်ပါ။နေ့စဉ် ရွေးချယ် သောက် သုံး တဲ့ အခါ မှာ ရေ အမျိုးအစား နှစ်မျိုးရှိပါတယ်။ရေ အေးနဲ့ ရေ နွေးပါ။ဒီနှစ်မျိုးထဲမှာ ဘယ် ဟာ ကို ရွေးချယ် သောက်သုံး သင့်လဲ ကောင်းကျိုး ဆိုးကျိုးတွေ က ဘာ တွေလဲ ဆိုတာကို Brightside မှာ အခုလို ဖော်ပြထားပါတယ်။

Image:freepik

ရေ အေးဆိုတဲ့ နေရာမှာအခန်း အပူချိန် ထက် ဘယ်လောက်ထိ ပို အေး နေတဲ့ ရေ လဲ ဆိုတာ ရှိပါ သေးတယ်။ ပူအိုက်တဲ့ ရာသီ မှာ ရေခဲ ရေ သောက်လိုက်ရင် စိတ် က ကျေနပ် အားရပြီး အရမ်း ရေငတ် ပြေ သွားတဲ့ ခံစားချက် မျိုးကို ခံစား ဖူး ကြမှာပါ။ဒါ ပေမယ့် ဒါက ကျန်းမာရေး အတွက်ဆိုးကျိုးတွေ အများကြီး ဖြစ်စေပါတယ်။အရမ်း အေး တဲ့ ရေခဲ ရေ ဒါမှမဟုတ် ရေခဲ သေတ္တာ ထဲမှာ အကြာကြီး ထည့်ထားပြီး အေးစက် နေတဲ့ ရေ အေးမျိုးကိုသောက် မယ်ဆိုရင် ဒီလို ဆိုးကျိုးတွေရှိပါတယ်။

(၁)စွမ်းအင် ကုန်ဆုံးစေ

Image:freepik

ခန္ဓာကိုယ်က ရေ အေး ကို ပျှမ်းမျှ အပူချိန် ရောက် အောင် လို့ စွမ်းအင်ေ တွအများကြီး သုံးရပါတယ်။ဒါ ကြောင့် ရေ ခဲရေ ဒါမှမဟုတ် အရမ်း အေးတဲ့ ရေ ကို သောက်မယ် ဆိုရင် လူက ပင်ပန်းနွမ်းနယ်၊ခြေကုန် လက်ပန်း ကျ တာမျိုးတွေကို ခံစားရတတ်ပါတယ်။

(၂)အစာ ချေ စနစ်ကို အ နှောင့်အယှက် ဖြစ်စေ

တစ်ချို့ ထမင်းစားပြီးရင် အရမ်းအေးတဲ့ ရေ အေး မျိုး တွေကို သောက်တတ်ကြပါတယ်။ရေ အေး သောက်လိုက်ရင် သွေးကြော တွေ ကျုံ့ သွား တတ် ပါတယ်။အဲ့ဒီအခါ မှာတော့ အစာ ချေ စနစ် ရဲ့ စွမ်းဆောင် ရည်ကို ကျ ဆင်း သွား စေ တတ်ပါတယ်။အစာအိမ် နာတာ၊ဗိုက်နာတာ၊၀မ်းချုပ်တာ မျိုးတွေ ဖြစ် စေပါတယ်။

READ
ကိုယ်ဝန်ဆောင်ခြင်းနဲ့ပါတ်သတ်ပြီး မှားယွင်းစွာလက်ခံထားကြတဲ့အယူအဆများ

(၃)ချွဲသလိပ်၊နှပ်၊နှာရည် တွေ ထွက်တတ်

Image:freepik

ရေ အေး သောက်ခြင်းက ချွဲသလိပ်၊နှပ်၊နှာရည် တွေ  ဖြစ် စေပါတယ်။တခါ တ လေ ရေ အေး သောက်ပြီး နှာရည်တွေကျ တာ မျိုး ဖြစ်ဖူး ကြုံ ဖူး ကြမှာပါ။ရေ အေး သောက်ပါ များရင် ခန္ဓာကိုယ် ကိုယ်ခံအားစနစ် တွေကို ပျက်စီးယိုယွင်း လာ စေ ခဲ့ပြီး  အခုလို အ ခြေ အ နေ မျိုးနဲ့ ကြုံ ရ တာပါ။

(၄)နှလုံးခုန်နှုန်း နှေးစေ

ရေခဲ ရေ သောက်ချလိုက်ရင် ဘာမှ တော့ မဖြစ်ဘူး လို့ ထင်ရ ပေမယ့် သင့်ရဲ့ နှလုံး ခုန်နှုန်းကို ကျဆင်း ပါတယ်။ vagus nerve  ကို လှုံ့ ဆော်လိုက်သလို ဖြစ်သွားတာပါ။ အဲ့ဒီ Nerve က တော့ နှလုံး၊အဆုတ်၊အပေါ် ပိုင်း အစာ ချေ စနစ်ကို ပံ့ပိုး ပေးတဲ့ Nerve ပါ။ရေ အေး သောက်လိုက်ရင် vagus nerve ကို နှလုံး ခုန်နှုန်း လျှော့ ချ ပေးဖို့ လှုံ့ ဆော် လိုက်သလို ဖြစ်သွားတာပါ။အပေါ်မှာ ပြောထား သလိုပဲ ရေ အေး သောက်ရင် သွေး ကြော တွေလည်း ကျဉ်းသွားတတ်ပါတယ်။

 ရေ နွေး သောက်ခြင်းက ကောင်းကျိုး တွေ အများကြီး ရှိပါတယ်။

(၁)နာကျင်မှုတွေကို သက်သာစေ

Image:freepik

ရေ နွေးသောက်ခြင်းက နာကျင်မှုတွေကို သက်သာ စေပါတယ်။ဥပမာ – ရာသီလာ တဲ့ အခါ နာကျင်ကိုက်ခဲတာ၊ခေါင်းကိုက်တာ. အဲ့လို ခံစားရရင် ရေ နွေး သောက် ပေးပါ။နာကျင်မှုတွေ သက်သာ လျော့ ပါး သွားပါလိမ့်မယ်။ဘာ ကြောင့် နာကျင်မှု သက်သာ ရလဲ ဆိုရင် တော့ ရေ နွေးက သွေးလှည့် ပတ်မှု ကို အားကောင်းစေ နိုင် လို့ပါ။ ရေ အေးလို သွေးကြော တွေ ကျုံ့ မသွားစေပဲ သွေးစီးဆင်းမှုကို ပို အား ကောင်း စေနိုင်လို့ပါ။ကြွက်သားနာကျင်ရင်လည်း ရေ နွေး သောက်ပေးပါ။

(၂)ခန္ဓာကိုယ်ရဲ့ အဆိပ် အ တောက် တွေကို ပြေစေ

မနက် မိုးလင်းတာနဲ့ ရေ နွေး သောက် ခြင်းက ခန္ဓာကိုယ်မှာ ရှိတဲ့ အဆိပ် အ တောက် တွေကို ဖယ်ရှား  ပေးနိုင်ပါတယ်။ပိုပြီး ထိ ရောက်ချင်ရင် တော့ သံပုရာ သီး အစိတ် ၊အခြမ်း လေးကို ပါ ထည့်ပြီး ရေနွေးစိမ် သောက်ပါ။

READ
အစားအသောက်ရဲ့နာမည်ကိုကြားလိုက်တာနဲ့အရသာခံနိုင်တဲ့ထူးထူးခြားခြားကောင်မလေး

(၃)စိတ်ဖိစီးမှုကို လျော့ ကျ စေ

Image :unsplash /Nathan Dumlao

ရေ နွေးက စိတ်ဖိစီးမှုကို လျော့ ကျ စေနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။ဘာေ ကြာင့်လဲ ဆိုရင် တော့ ဗဟို အာရုံ ကြော စနစ် ကို ကူညီ ပေးနိုင်လို့ပါ။ Cortisol က တော့ stress hormones တစ်မျိုးဖြစ်ပြီး ရေဓါတ် နည်းတာနဲ့ သူ့ရဲ့ Level က မြင့်လာတတ်ပါတယ်။ဒါ ကြောင့်ေ ရဓါတ် ဖြည့် တင်း တာကလည်း စိတ်ဖိစီးမှုကို လျော့ ကျ စေပါတယ်။

(၄)၀ိတ်ကျ စေ

ရေ သောက်ရင် ၀ိတ်ကျ စေပါတယ်။ပုံမှန် အပူချိန် ရှိတဲ့ ရေ သောက်ရင် လည်း ၀ိတ်ကျ စေတယ်ဆိုပေမယ့်ေ ရ နွေး သောက်ရင် တော့ ခန္ဓာကိုယ်ရဲ့  ဇီဝ တွင်း ဖြစ် ပျက်မှု ကို ပို ပြီး အထောက်အကူ ဖြစ်ပါတယ်။ရေ နွေးက တော့  ခန္ဓာကိုယ်မှာရှိတဲ့ body temperature  ကို မြင့်တက်လာစေတဲ့ အတွက် ကယ်လိုရီ ကို ပို လောင်ကျွမ်းစေပါတယ်။

(၅) သွေးလှည့် ပတ်မှု အားကောင်းစေ

Image :unsplash /Sergey Norkov

ရေ အေးက သွေးကြော တွေ ကို ကျုံ့ စေလို့ သောက်တာ များရင် သွေး ကြော ပိတ် တာ မျိုးတွေ အထိ ဖြစ်ပါတယ်။ ဒါပေမယ့် ရေ နွေး ကေ တာ့ သွေးလှည့် ပတ်စီးဆင်း မှုကို ပို အားကောင်း စေပါတယ်။

(၆) အရွယ်မတိုင်ခင် အိုးမင်းရင့်ရော်မှုကို တားဆီး

အိုမင်းရင့်ရော်ခြင်းက တော့ လူတိုင်း ကြောက်တဲ့ အရာပါ။ခန္ဓာကိုယ်ထဲမှာ အဆိပ် အ တောက် တွေ ပိုများလာရင် လူကိုပိုပြီး အိုမင်းရင့်ရော် စေပါတယ်။ရေ နွေးက အဆိပ် အတောက် တွေကို ဖယ်ရှားပေးနိုင်တာ မို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော် ခြင်းကို တား ဆီးပေးနိုင်ပါတယ်။

#SHWEMOM

SHARE