၂၀၁၉ ခုနှစ် Geneva Motor Show မှာ ပြသခဲ့ကြတဲ့ မော်ဒယ်သစ်နဲ့အကြမ်းစားကားများ

Geneva Motor Show

နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိခဲ့တဲ့ Geneva Motor Show ဟာ ကမ္ဘာ့အမိုက်စားကားပြပွဲတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ၈၉ ကြိမ်မြောက်ပြပွဲကို မတ်လ ၇ ရက်နေ့မှ ၁၇ ရက်နေ့အထိ Geneva မှာ ကျင်းပလျက်ရှိနေပါပြီ။ ဒီပြပွဲမှာ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဖြစ်စေတဲ့ rco-friendly မော်တော်ကားတွေမှစလို့ အမိုက်စား၊ အကြမ်းစားနဲ့ ကမ္ဘာ့ဈေးအကြီးဆုံးကားတွေအထိ ပါဝင်နေတယ်လို့သိရပါတယ်။

ပြပွဲအတွင်း ခင်းကျင်းပြသထားတဲ့ မော်တော်ကားတွေထဲကမှ လူကြိုက်အများဆုံး မော်တော်ကား (၅) မျိုးကို ဖော်ပြပေးချင်ပါတယ်။

BUGATTI ရဲ့ ပုတုံးရောင်ထနေတဲ့ La Voiture Noire ကတော့ ယူရိုငွေ ၁၂ မီလီယံတောင်ရှိနေပါတယ်။ ကားအနောက်မှာတပ်ထားတဲ့ အိတ်ဇောချည်းပဲ တစ်ခုကို ယူရို ၂ မီလီယံဆီတန်တယ်ဆိုတော့ ကျွန်တော့်အနေနဲ့ကတော့ မိုနိုပိုလီထဲမှာပဲ ဝယ်နိုင်မယ့်ကားမျိုးပါ။ 

Geneva Motor Show

MERCEDES ရဲ့ CLA Shooting Brake ပါ။ အတွင်းနဲ့အပြင်ပိုင်းပြင်ဆင်မှုတွေကတော့ အရင်မော်ဒယ်တွေနဲ့ သိပ်မကွာပေမယ့် ကိုယ်ထည်ကတော့ အနည်းငယ်ကြီးသွားပါတယ်။ စက်တင်ဘာလမှာ ထွက်ရှိမှာဖြစ်ပြီး ယူရို ၃ သောင်းလောက်ကျပါလိမ့်မယ်။ 

READ
ရှေးတုန်းက ဥပဒေချိုးဖောက်သူ အမျိုးသမီးတွေကို နှိပ်စက်ညှင်းပန်းခဲ့ပုံအမျိုးမျိုး
Geneva Motor Show

FERRARI F8 TRIBUTO ကတော့ အရင်မော်ဒယ်တွေထက်စာရင် ပိုပေါ့ပြီး အရင် 444 GTB ထက်ပိုသွက်မယ်လို့ ပြောထားပါတယ်။ အင်ဂျင်ပါဝါအနေနဲ့ကတော့ 720hp နဲ့ 770Nm ရှိမယ်၊ နှုန်းကတော့ ၇.၈ စက္ကန့်မှာတင် 0-124 mph လောက်သွားမှာပါ။ အမြင့်ဆုံးနှုန်းကတော့ 221 mph လောက်ထိကို မြှင့်လို့ရတယ်လို့ဆိုပါတယ်။ ဈေးနှုန်းကတော့ ယူရိုငွေ ၂ သိန်း ++ ပါ။ 

Geneva Motor Show

KIA ရဲ့ IMAGINE ကတော့ လုံးဝစံချိန်အသစ်တင်မယ့် မော်ဒယ်လို့ဆိုလို့ရမှာပါ။ iPhone အလုံး ၂၁ လုံးလောက်တင်ထားသလိုမျိုး ကားဒိုင်ခွက်မှာ display အနေနဲ့ မြင်ရမှာဖြစ်ပါတယ်။ လျှပ်စစ်စနစ်ကိုအသုံးပြုထားပြီး စလွန်းကားပုံဝသဏ္ဍာန်ဖြစ်ပါတယ်။ ၂၀၂၁ မှာ ထုတ်မယ်လို့ ခန့်မှန်းထားပေါတယ်။ KIA ရဲ့ EV စနစ်ကိုအသုံးပြုထားတဲ့ မော်ဒယ်ထဲ Niro နဲ့ Soul ပြီးရင် တတိယမြောက်ကားဖြစ်ပါတယ်။ ဒိုင်ခွက်က Screen ကြီးကတော့ တကယ်ကလိချင်စရာပါပဲ။

READ
ခေတ်အဆက်ဆက် သေဒဏ်စီရင်ပုံ (၉)မျိုး
Geneva Motor Show
Geneva Motor Show

၁၀၀% လောင်စာကိုအသုံးမပြုဘဲ လျှပ်စစ်စနစ်ကို အသုံးပြုထားတဲ့ ကားလေးဖြစ်ပါတယ်။ ၆၂ မိုင်စာခရီးအတွက် ဘတ်ထရီ ၁ လုံးအားသာအသုံးပြုရမှာဖြစ်ပါတယ်။ ဘတ်ထရီကတော့ ၅ လုံးတောင်ပါရှိတာမို့ စိတ်ချလက်ချမောင်းနှင်နိုငပါတယ်။ အမိုက်ဆုံးအချက်ကတောာ့ ကားအတွင်းပိုင်းကို ကိုယ့်စိတ်ကြိုက်ဒီဇိုင်းမျိုး လုပ်နိုင်တာကိုပါ။ ထိုင်ခုံတပ်မလား၊ ဖြုတ်မလး၊ စပီကာတွေတပ်မလား၊ အမှိုက်ပုံးထည့်မလား၊ ကာလာပြောင်းချင်တာလား ကြိုက်တာကို လုပ်ခိုင်းလို့ရပါတယ်။ Eco-friendly ဖြစ်ပြီး ဒီဇိုင်းကလည်း သူမတူအောင် မိုက်တဲ့ Fiat Panda ကားလေးပါ။

Geneva Motor Show

Source: The Sun

Penny

SHARE