ဖျားတာ၊ ချောင်းခြောက်ဆိုးတာနဲ့ ပင်ပန်းနွမ်းနယ်တာတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့အဖြစ်များတဲ့ရောဂါလက္ခဏာတွေပါ။ ဒါပေမဲ့ လူတစ်ယောက်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးတဲ့အခါ ရေရှည်မှာ အကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်။ ဥပမာဆိုရရင် ကိုဗစ်ရောဂါကနေပြန်ကောင်းလာတဲ့လူတွေရဲ့ဦးနှောက်ဟာ ၁၀နှစ်စာလောက် အသက်ကြီးသွားကြောင်း လေ့လာချက်တစ်ခုမှာတွေ့ရပါတယ်။
အခုအချိန်ထိ အနံ့အရသာပျောက်ဆုံးတာဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတစ်ခု ဖြစ်နေပါတယ်။ အချို့လူနာတွေဆိုရင် အနံ့ပျောက်အရသာပျောက်တဲ့ကိစ္စဟာ ရက်ပိုင်းလောက်ပဲကြာပေမယ့် တော်တော်လေးကို ဆိုးဆိုးဝါးဝါးခံစားကြရပါတယ်။ အမေရိကန်အမျိုးသားတစ်ဦးကတော့ ကိုဗစ်ကြောင့် အနံ့ပျောက်တဲ့အကြောင်းကို ဗီဒီယိုတွေနဲ့ မှတ်တမ်းတင်ထားတာကို storypick သတင်းကနေ သိရပါတယ်။
Russel Donnelly ဟာ မကြာသေးခင်ကမှ Covid-19 ရောဂါကူးစက်ခံရမှန်းသိရှိခဲ့တာပါ။ သူဟာ စစချင်းအနံ့အရသာ လုံးဝပျောက်ဆုံးသွားတာကို ခံစားခဲ့ရပါတယ်။ သူ့ကို သီးသန့်ခွဲထားတဲ့အချိန်အတွင်း Russel ဟာ အနံ့စူးရှတဲ့အစားအသောက်တွေကို ဒီတိုင်းအစိမ်းစားနေတဲ့ ဗီဒီယိုတွေရိုက်ကူးခဲ့ပါတယ်။
ဗီဒီယိုအစမှာတော့ သူကအခုလိုပြောပါတယ်။ “ကျွန်တော် လတ်တလော ကိုဗစ်ပေါ့စတစ်ဖြစ်နေတယ်။ ဘာမှလည်း အရသာခံလို့မရဘူး။ လူတွေကတော့ အန်ချင်စရာကောင်းတဲ့ အစားအသောက်မျိုးတွေစားကြည့်ပါလားပြောတယ်။ ဒါပေမဲ့ ကျွန်တော့်အိမ်မှာ ဒါမျိုးတွေမှမရှိတာ။ ဒါကြောင့် အနံ့စူးတဲ့ ပြင်းတဲ့အစားအသောက်တွေကိုပဲစားကြည့်လိုက်တယ်။”
ထို့နောက်မှာတော့ သူဟာ ကြက်သွန်နီတစ်လုံးကိုအခွံနွှာပြီး အကြီးကြီးတစ်ကိုက်ကိုက်လိုက်ပါတယ်။ ပြီးတော့ လီမွန်ဖျော်ရည်ကို တစ်ခါတည်းနဲ့ သောက်ချလိုက်ပါတယ်။ ပြီးတော့ ကြက်သွန်ဖြူအနှစ်တွေကို ဇွန်းနဲ့အပြည့်စားလိုက်ပါတယ်။ ဒီအစားအသောက်တွေကို ဝမ်းဗိုက်ကနေ ခံစားသိရပေမယ့် ပါးစပ်ထဲမှာတော့ ဘာအရသာမှမခံစားရကြောင်း Russel က ပြောပြပါတယ်။ အောက်ဘက်မှာတော့ အခြားအစားအသောက်တွေနဲ့လည်း အနံ့အရသာပေါ်မပေါ် စစ်ဆေးနေတဲ့ Russel ရဲ့ ဗီဒီယိုဖိုင်တွေကိုလည်း တွေ့ရဦးမှာဖြစ်ပါတယ်။
View this post on Instagram
View this post on Instagram
ShweMom