စင်ပေါ်မှာ ရုပ်ပျက်ဆင်းပျက် ချော်လဲတာတောင်မှ အပြုံးမပျက်တဲ့ Shu Qi

Image : IG/舒淇 #shuqi

Shu Qi  ကတော့ နာမည်ကြီး ထိုင်ဝမ်- ဟောင်ကောင် မင်းသမီးတစ်ယောက်ပါ။သူမဟာ ၀င်ငွေအမြင့်ဆုံး မင်းသမီးေ တွထဲက တစ်ယောက်ပါ။ အပြာဇာတ်ကား၊ လိင်အသားပေး ဇာတ်ကားတွေကို ရိုက်တဲ့ မင်းသမီးကနေမှ နောက်ဆုံးမှာ အောင်မြင်တဲ့ မင်းသမီး တစ်ယောက်ဖြစ်လာခဲ့သူပါ။လိင်အသားပေးဇာတ်ကားတွေ ရိုက်တဲ့ မင်းသမီး တစ်ယောက်က နာမည်ကြီး ခေါင်းဆောင်မင်းသမီးနေရာကို ရတယ်ဆိုတာ တော်ရုံကြိုးစားမှုနဲ့ တော့ မဖြစ်နိုင်ပါဘူး။ဒါပေမယ့် သူမက တော့ တစ်ချိန်က လူအထင်သေးခံရတဲ့ ဘ၀ကနေ မှ အောင်မြင်လာအောင် ကြိုးစားနိုင်ခဲ့ပါတယ်။အခုဆိုရင်တော့ Shu Qi ရဲ့ အသက်ဟာ (၄၃)နှစ်ရှိနေပါပြီ။မကြာသေးခင်က ပွဲတစ်ခုမှာ ရုပ်ပျက်ဆင်းပျက်လဲ ကျခဲ့ပေမယ့် အပြုံး မပျက် တဲ့ သူမရဲ့ အပြုအမှုအတွက် ပရိသတ်တွေက သူမကို အချစ်ပိုနေကြပါတယ်။ဒီအကြောင်းကိုတော့ thestar.com မှာ ဖော်ပြထားတာပါ။

Image : IG/舒淇 #shuqi
Image : IG/舒淇 #shuqi
Image : IG/舒淇 #shuqi

လဲကျသွားတဲ့ ဗီဒီယိုဖိုင်တွေနဲ့ ပုံတွေကိုတော့ သူမရဲ့ Fan Group တွေမှာ တင်နေကြတာပါ။ဇွန်လ (၁၈) ရက်နေ့က တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကျင်းပတဲ့ Bulgari လက်ဝတ်ရတနာ ကုမ္ပဏီရဲ့ ပွဲကို သူမက တက်ရောက် လာခဲ့တာပါ။ အဲ့ဒီ မှာတော့ သူမက အနက်ရောင် ဂါဝန်အရှည်နဲ့ ဒေါက်အမြင့်ကို စီးပြီး လှေကားကနေ ဆင်းပေါ်သို့  အကူး မှာ ခြေ ချော် ပြီးလဲ ကျခဲ့တာပါ။သူမရဲ့ ဘေးမမှာ ယောက်ျားနှစ်ဦး လည်း ခြံရံထားပါတယ်။တစ်ဖက် မှာရှိတဲ့ တတိယမြောက် ယောက်ျား က တော့ စတိတ်စင်ပေါ်မှာရှိနေတာပါ။စင်ပေါ်ကို သူမ တက်လာလို့ ရအောင် တစ်ဖက်ကနေ လက် ကမ်း ကြို ပေမယ့် ရုတ်တရက် ချော်ပြီး လဲကျသွားခဲ့တာပါ။

READ
ဇာတ်ကားသစ် Rush Hour (4 )က အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ဆိုလာတဲ့ Chris Tucker
photo :weibo
photo :weibo
Image : IG/舒淇 #shuqi

တော်တော်လေးပြင်းပြင်းထန်ထန်လဲ ကျသွားခဲ့တာပါ။ဒါပေမယ့်လည်း Shu  ကတော့ သူ့ရဲ့ ပရိသတ်တွေ စိတ်ပူမှာ စိုး လို့ လဲကျသွားပေမယ့်လည်း ရှက်ပြုံးလေး ပြုံးပြခဲ့ပါတယ်။လဲကျပြီး နောက်မှာတော့ စင်ပေါ်မှာ တော်တော်ကြီးကို သတိကြီးကြီးထားပြီး လမ်းလျှောက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ စတိတ်စင်ပေါ်မှာ ဒေါက်နဲ့ လျှောက် ရတာ အဆင်မပြေလို့ စင်ပေါ်မှာ ဖိနပ်ချွတ်ပြီး ခြေပြောင်နဲ့ သွားခဲံပါတယ်။ဘေးမှာရှိတဲ့ သူတွေကလည်း သူမ အဆင် ပြေ ၊မပြောစိုးရိမ်တကြီးဝိုင်းမေးတဲ့ အချိန်မှာတော့ ကျန်တဲ့ သူတွေ စိတ်မပူရအောင် ပြေပါတယ်လို့ ထပ်တလဲလဲ ပြန် ပြော ပေးခဲ့ပါတယ်။(၁၈)ရက်နေ့ ညနေပိုင်းမှာတော့ Weibo  ပေါ်မှာ ပုံတွေ တင်ရင်းနဲ့ သူမတကယ်ပဲ ဘာမှ မဖြစ်ပါဘူး၊အဆင်ပြေ ပါတယ် ဆိုတဲ့ အကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

READ
မွေးနေ့ဆုတောင်းပေးသူတွေအတွက် ယွန်းဝတီလွင်မိုးရဲ့ ကျေးဇူးတင်စကား

 

#shwemom

SHARE