သူမပုံကို ဖြူဖွေးအောင် ပြင်လိုက်တဲ့ Fan ကို ခပ်ချေချေတုံ့ပြန်လိုက်တဲ့ Shu Qi

ထိုင်ဝမ်မင်းသမီး မော်ဒယ် Shu Qi ကတော့ ဟောလိဝုဒ်မှာပါ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်ပါ။ နာမည်ကြီး ထိုင်ဝမ်- ဟောင်ကောင် မင်းသမီး မော်ဒယ်တစ်ယောက်ဖြစ်တဲ့ သူမဟာ ၀င်ငွေအမြင့်ဆုံး မင်းသမီးတွေထဲက တစ်ယောက်ပါ။ April 16, 1976 မှာ မွေးတဲ့ သူမဟာ အခုဆိုရင် အသက် (၄၂)နှစ်ရှိနေပါပြီ။ မျက်နှာခပ်မာမာနဲ့ ခပ်ထက်ထက် အမျိုးသမီးတစ်ယောက် ဖြစ်တဲ့ သူမဟာ စကားကိုလည်း တည့်ပဲ ပြောတတ်ပုံရပါတယ်။ မကြာသေးခင်က သူမရဲ့ မျက်နှာပုံကို ဖြူဖွေးအောင် ပြင်လိုက်တဲ့ Fan တစ်ယောက်ကို သူမက ခပ်ချေချေပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။

pinterest
pinterest
pinterest

Fan တစ်ယောက်က Shu Qi  ရဲ့ ပုံလေးပုံကို Edit လုပ်ပြင်ပြီး  Weibo မှာ တင်ခဲ့ပါတယ်။သူမရဲ့ မူလ အသား အရောင်ကို လုံးဝဖြူဖွေးသွားအောင် ပြင်ပစ်လိုက်တာပါ။ ဒီပုံကို Shu ကိုယ်တိုင်သတိထားမိခဲ့ပါတယ်။ ဒီလို မျိုး ဖြူဖွေး အောင်လုပ်ပစ်လိုက်တာကို Shu ကိုယ်တိုင်က လုံးဝမကြိုက်တာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ဒီ လောက် အဖြူ ကြို က်နေတဲ့ fan ကို ..” ဘာလို့ လူဖြူရဲ့ fan သွားမလုပ်တာလဲ..”  ဆိုပြီး သူမက တုံ့ပြန်လိုက်ပါတယ်။ Shu ဟာ အရင်တည်းက တရုတ်နိုင်ငံမှာ လူအများစုလိုက်နာ လက်ခံထားကြတဲ့ သမရိုးကျ အလှအပစံနှုန်းတွေကို မကြိုက် တဲ့ ဆန့်ကျင်နေသူတစ်ယောက်ပါ။ တရုတ်မှာဆိုရင် အသားဖြူတာကိုမှ တန်ဖိုးထားကြတာပါ။ ထိုင်ဝမ်မှာ ကြီးပြင်း လာခဲ့ တာ ဆိုပေမယ့် သူမဟာ (၁၉၉၀)မှာတည်းက ဟောင်ကောင်ကို ရောက်လာခဲ့တာပါ။

READ
သားသမီးလေးတွေအတွက် စိုးရိမ်နေတဲ့ အိန္ဒြာကျော်ဇင်
shanghai.ist/
pinterest
shanghai.ist/

Shu Qi  မှာ ထူးခြား တဲ့ အရာ တစ်ခုရှိပါတယ်။အပြာမင်းသမီးတစ်ယောက်က အနုပညာလောကရဲ့ လျှမ်း လျှမ်းေ တာက်အောင်မြင်တဲ့ ခေါင်းေ ဆာင် မင်းသမီးနေရာကို ရဖို့ ဆိုတာ အရမ်းအရမ်းကို ခက်ခဲတဲ့ အရာပါ။သူမက ဒါကို ရအောင် လုပ်ပြနိုင်ခဲ့သူပါ။အရင် က (Soft) Porn လောကမှာ ကျင်လည်ခဲ့ဖူးသလို တရုတ်ဗားရှင်း Playboy maga zine မှာလည်း ပါဝင်ခဲ့ဖူးပါ တယ်။ဒါပေမယ့် အပြာမင်းသမီးဆိုတဲ့ ဘ၀ကနေ ရုန်းထပြီး အာရှရဲ့ ထိပ်တန်း မင်းသမီး တစ်ယောက်အဖြစ် ရပ်တည်နေသူပါ။

pinterest
pinterest

Source /shanghaiist

SHARE