Miss South Africa 2020 သရဖူကို Shudufhadzo ဆွတ်ခူး

Image:IG/Shudufhadzo

(၂၀၂၀)အတွက် Miss South Africa အလှမယ် ထွက်ပေါ်လာခဲ့ပါပြီ။ဒီနှစ် အတွက် အလှမယ် သရဖူကိုတော့ တောင်အာဖရိက နဲ့ ဇင်ဘာဘွေ နယ်စပ် ပြည်နယ် Limpopo က အသက် (၂၃)နှစ်အရွယ် Shudufhadzo Musida က ဆွတ်ခူးခဲ့ပါတယ်။ပြိုင်ပွဲကိုတော့ အောက်တိုဘာ (၂၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာပါ။သူမက တော့ ပြိုင်ပွဲမှာ အနိုင် ရခဲ့တာမို့ R3 သန်းကျော် တန်ဖိုးရှိတဲ့ ဆုတွေ ကို ရခဲ့ပါတယ်။သူမရ တဲ့ ဆုထဲမှာတော့ Miss South Africa Organisation က နေ ပေးတဲ့ R1 သန်း တန် တဲ့ ငွေ သား ဆု၊ Central Square မှာ တိုက်ခန်း တစ်ခန်း တို့ လည်း ပါဝင်ပါတယ်။ဒီအ ကြောင်းကိုတော့ iol.co.za မှာ ဖော်ပြထားပါတယ်။

Mercedes-Benz C200 Cabriolet ကားကို လည်း Miss တစ်ယောက် ဖြစ် သွားတဲ့ သူမ က အသုံးပြု ခွင့်ရမှာပါ။ဒီနှစ် Miss South Africa ပြိုင်ပွဲက တော့ (၆၂)ကြိမ် မြောက် ကျင်းပပြုလုပ်တာပါ။ Shudufhadzo Musida က တော့ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေး လှုပ်ရှားမှု အတွက် စိတ်အားထက် သန်သူဖြစ်ပြီး “Mindful Movement.” ဆိုတဲ့ လှုပ်ရှားမှု ကိုပါ လုပ် ခဲ့သူပါ။ဆု နဲ့ ကပ်သီးလေး လွဲခဲ့တဲ့ Runner Up တွေ က တော့ Thato Mosehle ၊ Natasha Joubert တို့ ပါ။ဒုတိယ နေရာ ရခဲ့တဲ့ Thato Mosehle က တော့ North West ပြည်နယ်က ပါ။(၂၂)နှစ်အရွယ် Natasha Joubert က တော့ Gauteng က ပါ။

 

View this post on Instagram

 

shot by @apetownshenanigans

A post shared by Shudufhadzo Musiḓa (@shudufhadzomusida) on

ဒီနှစ်ပွဲကိုတော့ မြို့တော် Cape Town မှာ ကျင်းပခဲ့တာပါ။အစီအစဉ်တင်ဆက်သူ အဖြစ် မင်းသမီး Nomzambo Mbatha က ဆောင်ရွက်ပေးခဲ့တာပါ။ဒိုင် အဖြစ် Kim Engelbrecht, Zozibini Tunzi, Anele Mdoda, Peggy-Sue Khumalo ၊Leandie Durant တို့ က ဆောင်ရွက် ပေးခဲ့တာပါ။ပြိုင်ပွဲဝင်တွေရဲ့ရေကူးဝတ်စုံ ဓါတ်ပုံတွေ ကိုတော့ Clifton ကမ်း ခြေ မှာ ရိုက်ခဲ့တာပါ။ပြိုင်ပွဲဝင် တစ်ချို့ အတွက်က တော့ ဒါက ပထမဆုံး အကြိမ် ရေကူးဝတ်စုံနဲ့ ဓါတ်ပုံ ရိုက်ဖူး ကြတာပါ။ ပြိုင်ပွဲ ၀င် တွေရဲ့ အမိုက်စား ဖက်ရှင်တွေ က တော့ fashion designer Lena Lisa ရဲ့ လက်ရာ တွေပါ။

#SHWEMOM

SHARE