တွေ့သမျှ ကောင်မလေး ချောချောလေးတွေကို အကြောင်ကွက်ဖမ်းပြီး အနမ်းပေးခိုင်းသူ

YouTube မှာ အောင်မြင်တဲ့ Channel တစ်ခု အောင်မြင်စွာ လွှင့်တင်နေတဲ့ ThatWasEpic အမည်ရ Channel ကတော့ အများထင်မှတ်မထားတဲ့ ဗွီဒီယိုတစ်ခုကို လွှင့်တင်လိုက်ပြန်ပါပြီ။ သူဟာ ဗွီဒီယိုဖိုင်ထဲမှာတော့ ကောင်မလေး ချောချောလေးတွေ တွေ့သမျှကို လိုက်ပြီး မိတ်ဆက်ပါတယ်။ နောက်မှ အကြောင်ကွက်ဖမ်းပြီး အနမ်းခိုင်းခဲ့ပါတယ်။

ကောင်မလေး တော်တော်များများကတော့ နမ်းဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ တစ်ခြားသူဆိုရင်တော့ ကိုယ်နဲ့ ဆွေမတော်မျိုးမစပ် လူတစ်ယောက်က အနမ်းခိုင်းတာဆိုရင် ပါးတီးမလား၊ အော်မလား နှစ်ခုတည်းက တစ်ခုကတော့ အသေအချာပါဘဲ။ ဒီဗွီဒီယိုထဲမှာတော့ သူက စကားဖြတ်ပြီး ” Shut up and kiss me “လို့ ပြောလိုက်တဲ့ခဏ တော်တော်များများကတော့ ကြောင်သွားတာကို ရယ်မောဖွယ်ရာ တွေ့ရပါတယ်။

လင်းဇော်ကို (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE