စုံတွဲပုံတွေ တင်ဖို့အတွက် အင်စတာဂရမ်မှာ အကောင့်အသစ်ဖွင့်လိုက်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

နာမည်ကျော် အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ကတော့ ပရိသတ်တွေကို သူတို့ရဲ့ အချစ်ရေးအကြောင်း အတိအလင်း ဖွင့်ပြောထားတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားသလို ဝေဖန်မှုတွေကို ရရှိနေတဲ့ ချစ်သူစုံတွဲလည်းဖြစ်ပါတယ်။ရွှေမှုံရတီနဲ့ ရွှေထူးတို့စုံတွဲကတော့ ဝေဖန်မှုတွေ ရရှိနေပေမဲ့လည်း သူတို့ရဲ့ အချစ်ရေးကို ပရိသတ်တွေကို လုံးဝဖုံးကွယ်မထားပဲ လူမှုကွန်ရက်ပေါ်မှာလည်း သူတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။

အခုဆိုရင်တော့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ဟာ သူတို့ရဲ့ အမှတ်တရတွေကို အချိန်နဲ့ တပြေးညီ သိမ်းထားနိုင်ဖို့အတွက် စုံတွဲဓါတ်ပုံလေးတွေပဲ တင်ဖို့ အင်စတာဂရမ်အကောင့်ကို ဖွင့်လိုက်ပါတယ်။ သူတို့ရဲ့ အကောင့်နာမည်ကတော့ @shwe_couple ဖြစ်ပါတယ်။ သူတို့ကတော့ ဒီအင်စတာဂရမ်အကောင့်ကို စက်တင်ဘာလကုန်ပိုင်းလောက်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။

ရွှေမှုံရတီနဲ့ ရွှေထူးတို့စုံတွဲကို အားပေးကြတဲ့ ပရိသတ်တွေကတော့ @shwe_couple အင်စတာဂရမ်အကောင့်မှာ ကြည်နူးစရာစုံတွဲပုံရိပ်လေးတွေကို တဝကြီးကြည့်ရတော့မှာပါ။ ရွှေစုံတွဲရဲ့ အင်စတာဂရမ်အကောင့်ကို Follow လုပ်လိုက်ပါဦးနော်။

READ
စနောက်တတ်တဲ့ ဘော်ဒါတွေကြောင့် အအိပ်မက်သူတွေ ဒုက္ခရောက်ခဲ့တဲ့ အဖြစ်အပျက်များ

Source: Shwe_Couple

SHARE