ကိုယ်ရေးကိုယ်တာအချက်အလက်ပေါက်ကြားစေတဲ့သူကို ထောင်ချသင့်ကြောင်း ရွှေအိမ်စည်ပြော

facebook.shweeainsi/justice for victoria

မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထာားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဒီဇင်ဘာလ ၁၉ ရက်ေ်န့မှာ ဖြစ်သွားခဲ့တဲ့ မြန်မာပြည်သူတွေကို ဒေါသပုန်ထစေခဲ့တဲ့ Victoria လေးရဲ့ အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး ဖေစ်ဘုတ်ပေါ်မှာ ပြောလာတာဖြစ်ပါတယ်။

facebook.shweeainsi
facebook.shweeainsi

ဒီဇင်ဘာလ ၁၉ ရက်နေ့မှာတော့ ရဲဇာနည် facebook page ကနေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ Victoria ရဲ့ အမှုကိစ္စနဲ့ ပတ်သတ်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ပေါက်ကြားစေခဲ့တာကြောင့် ပြည်သူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေကို ရရှိနေတာဖြစ်ပါတယ်။

facebook.shweeainsi
facebook.shweeainsi

ရွေအိမ်စည်ကတော့ “နိုင်ငံခြားမှာဆိုရင်ခုလို အခြေနေမှာ အမှုတခုကနေ နှစ်မှုဖြစ်သွားလောက်ပြီ သေချာ investigate လုပ်ပြီးတော့ ခုလိုမျိုး private information တွေပေါက်ကြားအောင်လုပ်သူကို ဥပဒေ အကြောင်းအရာအရ အရေးယူပြီးတော့ ထောင်ချသင့်ပါတယ်” လို့ အခုလိုရေးသား ပြောဆိုလာတာဖြစ်ပါတယ်။ ပရိသတ်တွေရော Victoria လေးရဲ့ အမှုအကြောင်းအရာနဲ့ ပတ်သတ်ပြီး ထင်မြင်ချက်တွေကို ပြောခဲ့ပါဦးနော်။

READ
တူလေးအတွက် ဒေါ်လေးတာဝန်တွေ ကျေပွန်စွာ ထမ်းဆောင်နေတဲ့ ယွန်းနန္ဒီလွင်မိုး
facebook.shweeainsi

Source: Shwe Eain Si

 

SHARE