အဖမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းကို ပြန်လည်ဖြေရှင်းလိုက်တဲ့ ရွှေအိမ်စည်

shwe eain si facebook

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်အဖြစ်နဲ့ လူသိများလာတဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ သီချင်းဗီဒီယိုတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

shwe eain si facebook
shwe eain si facebook

စက်တင်ဘာလ ၁၂ ရက်နေ့ ညမှာတော့ မော်ဒယ် ရွှေအိမ်စည် အဖမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းတွေ ဆိုရှယ်မီဒိယာပေါ်မှာ ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။ ရွှေအိမ်စည်ကတော့ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဖေစ်ဘုတ်ပေါ်မှာ ပြန်လည်ဖြေရှင်းလိုက်တာဖြစ်ပါတယ်။

shwe eain si facebook

ရွှေအိမ်စည်ကတော့ “ဘယ်သူကဘယ်လိုနှောက်ချလိုက်လဲမသိဘူးရွှေအိမ်စည် အဖမ်းခံရတယ်ဆိုပီး
အိမ်မှာ နေမကောင်းလို့ အေးအေး အနားယူနေပါတယ်😌ကျမရဲ့ သာယာနေတဲ့ ဘဝကြီးကိုမဖြတ်ဆီးကြပါနဲ” လို့ ပြန်လည် စနောက်ပြီး ရေးသားပြောဆိုလိုက်တာဖြစ်ပါတယ်။ သတင်းအမှားသိထားတဲ့ သူတွေအတွက် ဒီအကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

shwe eain si facebook

Source: Shwe Eain Si

SHARE