မိခင်ဖြစ်သူကို ဒေါ်ငွေလိုရတီလို့ မရေးသားကြဖို့ အသိပေးလိုက်တဲ့ ရွှေမှုန်ရတီနဲ့ ငွေမှုံရတီ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာလောကရဲ့ နာမည်ကျော် သရုပ်ဆောင် ညီအစ်မ နှစ်ယောက်ဖြစ်တဲ့ ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ကတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အားပေးရင်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေသူတွေဖြစ်ပါတယ်။ သူတို့ကတော့ သူတို့ရဲ့ မိခင်နဲ့အတူ ပုံရိပ်တွေကိုလည်း ဆိုရှယ်မီဒီယာကနေ တစ်ဆင့် မျှဝေပေးလေ့ရှိတဲ့သူတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မီဒီယာတစ်ခုက ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ရဲ့ မိခင်ကို အင်တာဗျူးခဲ့ပြီး သူတို့ရဲ့ ပေ့ဂ်ျပေါ်မှာ ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ရဲ့ မိခင်ကို ဒေါ်ငွေလိုရတီရေးသားလို့ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရွှေမှုံရတီကတော့ သူမရဲ့ ဖေစ်ဘုတ်ကနေတစ်ဆင့် အခုလိုရေးသားခဲ့ပါတယ်။

ငွေမှုံရတီကလည်း သူမအမေရဲ့ နာမည်က  ဒေါ်မော်မော်ခိုင် ဖြစ်တဲ့အကြောင်းနဲ့  ငွေလိုရတီဆိုတာ ခင်မင်ရင်းနှီးတဲ့သူတွေ ချစ်စနိုးနဲ့ခေါ်စနောက်ကျတဲ့နာမည်ဖြစ်တဲ့အကြောင်းကို သူမရဲ့ ဖေစ်ဘုတ်ကနေတစ်ဆင့် အသိပေးခဲ့ပါတယ်။

READ
ခေတ်နဲ့ သစ်လေးကြောင့် အမြဲပြုံးပျော်နေရတယ်ဆိုတဲ့ မေမေ ချစ်သုဝေ

Source: Shwe Hmone Yati, Ngwe Hmone Yati

SHARE