အကယ်ဒမီပွဲတက်ပုံရိပ်တွေမျှဝေပေးလိုက်တဲ့ ပရိသတ်အချစ်တော် ရွှေရွှေစုံတွဲ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ ရွှေမှုံရတီနဲ့ရွှေထူးတို့စုံတွဲကတော့ နှစ်ယောက်အတူတွဲပြီးတော့ အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်ရင်းနဲ့ သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတဲ့ သူနှစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေကို အစောပိုင်းမှာ ရရှိခဲ့ပေမဲ့လည်း လက်ရှိမှာတော့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတာဖြစ်ပါတယ်။

သူတို့ကတော့ မတ်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို တင်ပေးလိုက်တာဖြစ်ပါတယ်။ အဖြူရောင် ဆင်တူပွဲတက်ဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်ပြီး ချစ်စရာကောင်းနေတဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ ဇနီးမောင်နှံနှစ်ဦးရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

ရွှေမှုံရတီနဲ့ ရွှေထူးတို့ကို အများကြီး ချစ်ခင် အားပေးလိုက်ပါဦးနော်ပရိသတ်ကြီးရေ။

Source: Shwe hmone Yati

SHARE