“ဧည့်သည်”ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှု အမှတ်တရတွေကို ပြောပြလာတဲ့ ရွှေရွှေစုံတွဲ

ရွှေမှုံရတီနဲ့ ရွှေထူးတို့ကတော့ ရုပ်ရှင်အတူရိုက်ရင်းကနေ ဖူးစာဆုံသွားခဲ့တဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်ပါတယ်။သူတို့ကတော့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရင်းနဲ့ ဆုံခဲ့ကြတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက် ဖူးစာဆုံခဲ့ကြတဲ့ ဒီဇာတ်ကားလေးကတော့ မကြာခင်မှာ ရုံတင်တော့မှာဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ ရွှေမှုံရတီ၊ရွှေထူး၊နေခြည်ဦးတို့က အတူပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ မတ်လ ၃၀ ရက်နေ့မှာ ရုံတင်တော့မှာဖြစ်ပါတယ်။ ရုံမတင်ခင်မှာတော့ ရွှေရွှေစုံတွဲရဲ့ အင်တာဗျူးဗီဒီယိုလေးကို တင်ပေးလိုက်တာဖြစ်ပါတယ်။ ရွှေမှုံရတီနဲ့ ရွှေထူးတို့ကတော့ သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေကို အမှတ်ရပြီး ပြောပြခဲ့တာဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ ဒီဇာတ်ကားမှာ သူတို့နှစ်ယောက်စတွေ့ချိန်မှာ ယူဖြစ်မယ်လို့တောင်မထင်ခဲ့ဘူးလို့ ပြောပြခဲ့ပါတယ်။ ရွှေထူးကလည်း ရွှေမှုံရတီနဲ့ စတွေ့ချိန်မှာ ရှိန်နေခဲ့တဲ့ အကြောင်းကို အမှတ်တရတွေနဲ့အတူ ပြောပြခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ရင် ဒီစာတန်းလေးကို click ထောက်လိုက်ပါနော်။

Source: “ဧည့်သည်”

SHARE