ရွှေ(၂)ရွှေရဲ့ ခမ်းနားလွန်းတဲ့ မင်္ဂလာပွဲက ကြည်နူးစရာပုံရိပ်လေးများ

မြန်မာနိုင်ငံရဲ့ နာမည်ကျော် အနုပညာရှင်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ ရွှေမှုံရတီတို့ကတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရင်းနှီးတဲ့ မိတ်ဆွေအသိုင်းအဝိုင်းတွေရဲ့ ရှေ့မှောက်မှာ စည်စည်ကားကား မင်္ဂလာဆောင်သွားခဲ့ပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ဝေဖန်မှုတွေကကြားက အချစ်တွေပိုပြီး ခိုင်မြဲလာတဲ့ စုံတွဲလေးဖြစ်လို့ ပရိသတ်တွေ အားကျရတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။

ရွှေမှုံရတီနဲ့ ရွှေထူးတို့ကတော့ သူတို့ရဲ့ မင်္ဂလာပွဲကို နာမည်ကျော် အနုပညာအသိုင်းအဝိုင်းကသူတွေကို ဖိတ်ကြားခဲ့ပါတယ်။ အရမ်းကို လှပခမ်းနားတဲ့ ရွှေနှစ်ရွှေရဲ့ မင်္ဂလာပွဲပုံရိပ်တွေကိုတော့ သတို့သမီးလေး ရွှေမှုံရတီရဲ့ မင်္ဂလာဝတ်စုံကို ဖန်တီးပေးခဲ့တဲ့ Kaung Myat Couture ကနေ တင်ပေးထားတာဖြစ်ပါတယ်။

ရွှေမှုံရတီနဲ့အတူ သတို့သမီး အရံလေးတွေကလည်း အရမ်းကို လှလွန်းနေပါတယ်။ ကြည်နူးစရာကောင်းတဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ရဲ့ မင်္ဂလာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

READ
Miss Golden Land Myanmar ပြိုင်ပွဲဝင်တွေရဲ့ ရေကူးဝတ်စုံနဲ့ ပုံရိပ်များ

SOurce: Kaung Myat Couture

SHARE