ရွှေမှုံရတီနဲ့ ရွှေထူးတို့ မင်္ဂလာလက်မှတ်ထိုးပွဲက ဓါတ်ပုံလေးများ

နာမည်ကျော် အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ မင်းသမီး ရွှေမှုံရတီနဲ့ အဆိုတော် ရွှေထူးတို့ကတော့ ဒီကနေ့ မနက်ပိုင်းက သူတို့ရဲ့ မင်္ဂလာဆောင်သတင်းကို ပရိသတ်တွေကို အသိပေးခဲ့ပြီဖြစ်ပါတယ်။ ရွှေမှုံရတီနဲ့ ရွှေထူးတို့ကတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ ၊တနင်္ဂနွေနေ့မှာ သူတို့ရဲ့ မင်္ဂလာပွဲကို ကျင်းပတော့မှာဖြစ်ပါတယ်။ ရွှေစုံတွဲကတော့ သူတို့ရဲ့ မင်္ဂလာလက်မှတ်ထိုးပွဲကိုလည်း ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

ရွှေမှုံရတီနဲ့ ရွှေထူးတို့ရဲ့ မင်္ဂလာလက်မှတ်ထိုးပွဲက ဓါတ်ပုံလေးတွေကိုတော့ ဓါတ်ပုံဆရာ နေမင်းထွန်းက ဖေစ်ဘုတ်မှာ တင်ပေးထားတာဖြစ်ပါတယ်။ လိုက်ဖက်ညီပြီး အရမ်းကို ချစ်ကြတဲ့ စုံတွဲလေးဖြစ်တဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ရဲ့ ဓါတ်ပုံလေးတွေကို ပရိသတ်တွေတင်ဆက်ပေးလိုက်ပါတယ်။

ပရိသတ်တွေကတော့ အသက်အရွယ်ငယ်သေးတဲ့ ရွှေမှုံရတီအတွက် နှမြောတသဖြစ်နေကြပါတယ်။ အရင်ကထက်ပိုပြီး အချစ်တွေ ခိုင်မြဲလာတဲ့ ရွှေမှုံရတီတို့စုံတွဲလေးကတော့ တကယ့်ကို ကြည်နူးစရာကောင်းပါတယ်။ ပရိသတ်တွေလည်း သူတို့နှစ်ယောက်အတွက် ဂုဏ်ပြုစကားလေးတွေ ပြောပေးလိုက်ပါဦးနော်။

READ
ပရိသတ်တွေနဲ့ အမြဲစည်ကားနေတဲ့ လီမင်ဟိုရဲ့ ရုံးတက် ရုံးဆင်းချိန်.

Source: Nay Min Tun

SHARE