မိသားစုစုံစုံလင်လင်နဲ့ မွေးနေ့အလှူပွဲလေးကို ကျင်းပနိုင်ခဲ့တဲ့ ရွှေမှုံရတီ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုရရှိထားတဲ့ သူတစ်ယောက်ဖြစ်တဲ့ နာမည်ကျော် သရုပ်ဆောင် ရွှေမှုံရတီကတော့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ကြည်နူးစရာမိသားစုဘဝလေးကို ဖေစ်ဘုတ်ပေါ်မှာ မျှဝေပေးလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက အသက် ၂၁ နှစ်ပြည့်သွားခဲ့တာဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ သူမရဲ့ အသက် ၂၁ နှစ်ပြည့်မွေးနေ့လေးမှာ သူမရဲ့ ချစ်ရတဲ့ မိခင်ရယ်၊ညီမဖြစ်သူရယ်၊ခင်ပွန်းရယ်နဲ့အတူ အလှူဒါနတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အရင်ကထက်ပိုပြီးတော့ ရင့်ကျက်လာတဲ့  ရွှေမှုံရတီကတော့ သူမရဲ့ အလှူပွဲလေးမှာ မိသားစုံစုံလင်နဲ့ ပျော်နေတာ ပရိသတ်တွေကို အပျော်တွေ ကူးစေလောက်ပါတယ်။

ရွှေမှုံရတီတို့ မိသားစုလေးရဲ့ ကြည်နူးစရာပုံရိပ်တွေကို ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

Source: Shwe Hmone Yati

SHARE