ရင့်ကျက်လာပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့အလှတွေကို ထုတ်ပြလိုက်တဲ့ ရွှေမှုံရတီ

ရုပ်ရှင်မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူတစ်ယောက်ဖြစ်တဲ့ ရွှေမှုံရတီကတော့ အိမ်ထောင်ကျပြီး နောက်မှာလည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ရွှေမှုံရတီက ပရိသတ်တွေကို ကြွေသွားစေမယ့် သူမရဲ့ ဓါတ်ပုံတွေကို တင်ပေးလိုက်တာဖြစ်ပါတယ်။ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ယုံကြည်မှုပြည့်ဝနေတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ ရွှေမှုံရတီရဲ့ ပုံရိပ်တွေကတော့ တကယ့်ကို ကြည့်မဝအောင် လှလွန်းပါတယ်။

ရွှေမှုံရတီကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ရွှေမှုံရတီရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော်။

Source: Shwe Hmone yati

SHARE