ချစ်တဲ့အကြောင်းတွေ နေ့တိုင်း ပြောလို့မဝဘူးလို့ဆိုတဲ့ ရွှေမှုံရတီ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီး ရွှေမှုံရတီနဲ့ အဆိုတော် ရွှေထူးတို့ကတော့ ပြီးခဲ့တဲ့ နှစ်က လက်ထပ်သွားခဲ့ကြပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို သာသာယာယာဖြတ်သန်းနေကြတာဖြစ်ပါတယ်။ ရွှေမှုံရတီနဲ့ ရွှေထူးတို့ကတော့ အနုပညာအလုပ်တွေ လုပ်ရင်းနဲ့ နှစ်ယောက်အတူ ခရီးတွေလည်း ထွက်နေကြတာဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ ဒီကနေ့မှာ ချစ်ခင်ပွန်းနဲ့အတူ ခရီးထွက်နေ့တဲ့ ပုံရိပ်တွေကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ မျှဝေပေးခဲ့တာဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ “ချစ်တဲ့ အကြောင်း ပြောလို့မဝတာနေ့စဉ်နေ့တိုင်းပဲ” လို့ ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ပျော်ရွှင်ကြည်နူးဖွယ် အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ဇနီးမောင်နှံနှစ်ဦးရဲ့ ဓါတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။

Source: Shwe Hmone Yati

SHARE