ပရိသတ်တွေအတွက် ရယ်မောစရာ ရိုက်ကွင်းပုံရိပ်လေးတွေ မျှဝေလိုက်တဲ့ ရွှေမှုံရတီ

သူမတူတဲ့ ကိုယ်ပိုင်ဟန်၊ဖက်ရှင်စတိုင်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားတတ်တဲ့ မင်သမီးချောလေးတစ်ယောက်ဖြစ်တဲ့ ရွှေမှုံရတီကတော့ ပရိသတ်တွေ ရယ်မောစေဖို့အတွက် ရှုတင်ရိုက်ကွင်းက ဓါတ်ပုံတွေကို စာလေးတွေကို တင်ပြီး ဖေစ်ဘုတ်ပေါ်မှာ ဝေမျှပေးထားပါတယ်။

ရွှေမှုံရတီကတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိထားတဲ့ အဆိုတော်၊သရုပ်ဆောင် မင်းသားတစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ အတူ ရုပ်ရှင်ကား ရိုက်ကူးနေတာဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ “ရူတင် အမှတ်တရများ ကိုမော် ကြီးလက်ချက် ဗျို့လုပ်တယ်နော်” လို့ရေးထားပြီး ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ရွှေမှုံရတီနဲ့ ရွှေထူးတို့ကတော့ “ဧည့်သည်” ဆိုတဲ့ရုပ်ရှင်ကားကို ရိုက်ကူးနေတာဖြစ်ပါတယ်။

ရွှေမှုံရတီတင်ပေးထားတဲ့ ရှုတင်ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေကို ပရိသတ်တွေ ရယ်မောနိုင်ဖို့အတွက် တင်ပေးလိုက်ပါတယ်။ ရုပ်ရှင်ကားထွက်လာအခါလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ကို အားပေးလိုက်ကြပါဦးနော်။

 

Source: Shwe Homne Yati

SHARE