ပရိသတ်တွေရဲ့ အနမ်းတွေကို ရရှိခဲ့တဲ့ မင်းသမီးလေး ရွှေမှုံရတီ

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက အသက်အငယ်ဆုံး မင်းသမီးလေးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ ရွှေမှုံရတီကတော့ အနုပညာအလုပ်တွေကို အမြဲကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ အိမ်ထောင်ပြုပြီးနောက်မှာလည်း အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းပြုလုပ်နေတာဖြစ်ပါတယ်။

လတ်တလောမှာလည်း “Yangon Hotpot” ရဲ့ ဆိုင်ဖွင့်ပွဲကို လည်း တက်ရောက်ခဲ့ပါသေးတယ်။ အိမ်ထောင်ကျပြီးနောက်မှာ အရင်ကထက်တောင် ပိုပြီးလှသွေးကြွယ်လာတဲ့ ရွှေမှုံရတီကတော့ အနီရောင်မြန်မာဝတ်စုံလေးနဲ့ ပွဲတက်ခဲ့တာဖြစ်ပါတယ်။

ရွှေမှုံလေးရဲ့ အလှမှာ ကြွေဆင်းသွားကြတဲ့ ရွှေမှုံရဲ့ ပရိသတ်အချို့ကတော့ အနမ်းတွေ အားရပါးရပေးခဲ့ကြပါသေးတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ ရွှေမှုံရတီနဲ့ သူမရဲ့ ပရိသတ်တွေရဲ့ ပုံရိပ်တွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

SOurce: SHwe Hmone Yati

SHARE