မွေးနေ့အလှူမှာ ကြည်နူးပျော်ရွှင်နေကြတဲ့ သူတို့ ချစ်သူနှစ်ဦး

ရွှေမှုံရတီနဲ့ ရွှေထူးတို့ ချစ်သူစုံတွဲကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့ကတော့ သူတိုရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး ဖုံးကွယ်ထားခြင်းမရှိပဲ ပရိသတ်တွေကို ပွင်ပွင့်လင်းလင်း ချပြတတ်တဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ ဒီကနေ့မှာလည်း ရွှေထူးရဲ့ မွေးနေ့အလှူပွဲတုန်းက ဓါတ်ပုံလေးတွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားပါတယ်။

ရွှေထူးကတော့  သူ့ရဲ့ အသက် (၂၆) နှစ်ပြည့် မွေးနေ့ အလှူအဖြစ် စက်တင်ဘာလ (၁၉) ရက်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး၊ မိုင်တိုင် (၈၉) မိုင်မှာရှိတဲ့ မိဘမဲ့ကလေးတွေအတွက် သွားရောက်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ ဒီအလှူပွဲလေးကို သွားရောက်ခဲ့ပြီး ရွှေထူးရဲ့ အလှူမှာ ပါဝင်အားဖြည့်ပေးခဲ့တာဖြစ်ပါတယ်။

မွေးနေ့အလှူမှာ နှစ်ယောက်သား ကြည်နူးပျော်ရွှင်နေကြတဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

READ
Hailey နဲ့ လက်ထပ်ပွဲမတိုင်ခင်အထိ သီချင်းတွေဘက် မလှည့်နိုင်သေးဘူးဆိုတဲ့ JB

Source: Shwe Hmone Yati

SHARE