“အမှားတွေ ရှိခဲ့တာတွေ ပြန်ပြင်ဆင်ရင်းနဲ့ ဆက်ကြိုးစားသွားမယ်” ဆိုတဲ့ ရွှေထူး

City FM (၁၇) နှစ်ပြည့်ဆုပေးပွဲအခမ်းအနားကိုတော့ ဂီတနယ်ပယ်ထူးချွန်သူတွေကို ဆုပေးအပ် ချီးမြှင့်တဲ့ ပွဲကြီး ပါ။ ဒီနှစ် အတွက် ဆုပေးပွဲကိုတော့ အရင်နှစ်တွေကလိုပဲ ခမ်းခမ်းနားနားကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနှစ် အတွက် ထူးချွန်ဆု ချီးမြှင့်ခံခဲ့ရတဲ့ အနုပညာရှင်တွေကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ကိုက်ညီမယ်လို့ မျှော်လင့်ရပါတယ်။ ဆုရရှိတဲ့ ဂီတ အနုပညာရှင်တွေထဲမှာ ရွှေထူးလည်း ပါဝင်ခဲ့ပါတယ်။

ရွှေထူးရတဲ့ ဆုကတော့ ၂၀၁၈ တစ်နှစ်အတွင်း ပရိတ်သတ်တောင်းဆိုမှုအများဆုံး အမျိုးသားအဆိုတော်ဆုပါ။ ဆုပေးပွဲ ကိုတော့ ရွှေထူးနဲ့ ရွှေမှုံတို့က စုံတွဲ တက်ရောက်ခဲ့တာပါ။ ရွှေမှုံကတော့ ခရမ်းရောင်ဝတ်စုံလေးကို ၀တ်ဆင်ခဲ့ပါတယ်။ ရွှေထူးကတော့ အပြောက်အကွက်ကျားပုံစံမျိုးနဲ့ ၀တ်ဆင်ခဲ့တာပါ။ ဆုရရှိခဲ့တဲ့

“ကျွန်တော်ချစ်ရသူတွေ… ကျွန်တော့်ကိုချစ်ရသူတွေအတွက် ဆုတစ်ဆုထပ်ယူနိုင်ခဲ့ပါတယ်…

READ
မင်္ဂလာဝတ်စုံနဲ့ပုံတွေတင်ပြီး တောင်ကြီးမှာ အခြေချတော့မယ်ပြောလာတဲ့ ကျော်ထက်အောင်

ကျွန်တော့်အမှားတွေရှိခဲ့တာတွေ ပြန်ပြင်ဆင်ရင်းနဲ့အကောင်းဆုံးဆက်ကြိုးစားပါဦးမယ်…

လေးစားလျက်

ရွှေထူး… ❤……………” ဆိုပြီး တင်ထားပါတယ်။

ရွှေမှုံကတော့ ရွှေထူးကို “Con con my papa  …..” ဆိုပြီး ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

City FM ၁၇ နှစ်ပြည့်ဆုပေးပွဲ အခမ်းအနားမှာ ဆုရရှိခဲ့သူစာရင်း

၂၀၁၈ တစ်နှစ်အတွင်း ရောင်းအားအကောင်းဆုံး အမျိုးသားတေးစီးရီး အဆိုတော်ဆု – စိုင်းစိုင်းခမ်းလှိုင်
၂၀၁၈ တစ်နှစ်အတွင်း ရောင်းအားအကောင်းဆုံး အမျိုးသမီးတေးစီးရီး အဆိုတော်ဆု – အိုင်းရင်းဇင်မာမြင့်
၂၀၁၈ တစ်နှစ်အတွင်း ပရိတ်သတ်တောင်းဆိုမှုအများဆုံး အမျိုးသားအဆိုတော်ဆု – ရွှေထူး
၂၀၁၈ တစ်နှစ်အတွင်း ပရိတ်သတ်တောင်းဆိုမှုအများဆုံး အမျိုးသမီးအဆိုတော်ဆု – နီနီခင်ဇော်

၂၀၁၈ တစ်နှစ်အတွင်း ရောင်းအားအကောင်းဆုံး အမျိုးသားမြန်မာသံတေးစီးရီး အဆိုတော်ဆု – ဖိုးသောကြာ
၂၀၁၈ တစ်နှစ်အတွင်း ရောင်းအားအကောင်းဆုံး အမျိုးသမီးမြန်မာသံတေးစီးရီး အဆိုတော်ဆု – ရွှေယမင်းဦး
၂၀၁၈ တစ်နှစ်အတွင်း အတိုးတက်ဆုံးအမျိုးသားအဆိုတော်ဆု – ဖိုးပြည့်
၂၀၁၈ တစ်နှစ်အတွင်း အတိုးတက်ဆုံးအမျိုးသမီးအဆိုတော်ဆု – ကေကေမိုး

၂၀၁၈ တစ်နှစ်အတွင်း ရောင်းအားအကောင်းဆုံး တေးစီးရီး ထုတ်လုပ်သူဆု – စိုင်းစိုင်းခမ်းလှိုင်
၂၀၁၈ တစ်နှစ်အတွင်း ရောင်းအားအကောင်းဆုံး မြန်မာသံတေးစီးရီး ထုတ်လုပ်သူဆု – ဖိုးသောကြာ

 

READ
အာဇာနည်နေ့မှာ လုပ်အားပေးခဲ့ကြတဲ့ အနုပညာရှင်များ

Source ရွှေမှုံရတီ၊ရွှေထူး

SHARE