ချစ်ဇနီးရဲ့ အထာကျကျဂေါ်နေတဲ့ ဓါတ်ပုံတွေတင်လိုက်တဲ့ ရွှေထူး

မြန်မာနိုင်ငံရဲ့ နာမည်ကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ မင်းသမီး ရွှေမှုံရတီနဲ့ အဆိုတော် ရွှေထူးတို့ကတော့ ပရိသတ်တွေရဲ့စိတ်ဝင်စား အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းက လက်ထပ်ပြီးသွားခဲ့ပြီး လတ်တလောမှာတော့ ဥရောပကို ဟန်းနီးမွန်း ခရီးထွက်နေတာဖြစ်ပါတယ်။

ကြင်စဦးဇနီးမောင်နှံနှစ်ယောက်ဖြစ်တဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ကတော့ နှစ်ဦးသား ပျော်ပျော်ပါးပါး လည်ပတ်နေကြတဲ့ ဓါတ်ပုံတွေကိုလည်း ဖေစ်ဘုတ်ပေါ်မှာ ပရိသတ်တွေအတွက် ဆက်တိုက် ဓါတ်ပုံတွေ တင်ပေးနေတာဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရွှေထူးကတော့အထာကျဂေါ်နေတဲ့ ရွှေမှုံရတီရဲ့ ပုံလေးတွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားပါသေးတယ်။

ရွှေထူးကတော့ “ဂေါ်ကြီး အေးဆေးပဲလား.. အထာကိုရှိုး” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ရွှေစုံတွဲရဲ့ ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source : SHwe Htoo

SHARE