ဒီကနေ့မှာ ကျရောက်တဲ့ ရွှေမှုံရတီရဲ့ အသက် (၂၀) ပြည့် မွေးနေ့

ဒီကနေ့ မေလ(၁၆)ရက်နေ့ကတော့ မင်းသမီးချောလေး ရွှေမှုံရတီရဲ့ အသက် (၂၀)ပြည့် မွေးနေ့ လေးလို့ သိရပါ တယ်။ ရွှေမှုံရတီကတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ နာမည်ရအောင်မြင်နေတဲ့ မင်းသမီးတစ်ယောက်ပါ။ သူမရဲ့ အသက် (၂၀)ပြည့်မွေးနေ့လေးကိုတော့ မှော်ဘီမြို့မှာရှိတဲ့  အောင်ဇဗ္ဗူတောရ ဘုန်းကြီးကျောင်းမှာ  ပြုလုပ်ခဲ့ပါတယ်။

ရွှေမှုံရတီကတော့ အနုပညာပျိုးခင်းကနေ မွေးထုတ်ပေးလိုက်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ ဗီဒီယိုကားတွေမှာဆိုရင် တော့ မင်းသားဇေရဲထက်နဲ့ အတွဲညီညီ သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီလိုနဲ့ နောက်ပိုင်းမှာတော့ ရုပ်ရှင် ကားကြီးတွေ ရိုက်ကူးလာခဲ့ပါတယ်။ အသက်ငယ်ငယ်ပေမယ့် အနုပညာဘက်မှာ ထူးချွန်သူတစ်ယောက် အဖြစ် ပရိ သတ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်၊ခင်ဝင့်ဝါ တို့နဲ့ အတူတွဲ သရုပ်ဆောင်တဲ့ “ချိုမြိန်သော လက်စားေ ချခြင်း” ရုပ်ရှင်ကားမှာဆိုရင် ပရိသတ်တွေက ရွှေမှုံ့ကို အကယ်ဒမီ ဇာတ်ကားလို့တောင် ခန့်မှန်းခဲ့ကြပါတယ်။

READ
မူလတန်းကျောင်းသူလို့ အမြဲအထင်ခံရတဲ့ ဂျပန်ကောင်မလေး

ရွှေမှုံကတော့ သူမရဲ့ အနုပညာကိုတင်မဟုတ်ပဲ ဖက်ရှင်ပိုင်းကိုပါ ဂရုစိုက်တက်သူပါ။ အနုပညာလောက ကို ၀င်လာ ခါစ အချိန်နဲ့ လုံးဝမတူတော့ပဲ သူမရဲ့ ဖက်ရှင်ပိုင်းတွေက သိသိသာသာကို ပိုမိုက်လာတာကို တွေ့ရပါတယ်။ရွှေမှုံကို ချစ်တဲ့ ပရိသတ်တွေက သူမရဲ့ ယုံကြည်မှု အပြည့်နဲ့ ခပ်ချေချေ မျက်နှာ အမူအရာကြောင့် အချေမင်းသမီးလေး ဆိုပြီး နာမည်ပြောင်ပေးထားကြပါတယ်။

ရေကူး ၊ရေစိမ်တဲ့ ပုံတွေ တင်လို့ အွန်လိုင်းမှာ ဝေဖန်ပြောဆိုမှုတွေ ခံရပေမယ့်လ ည်း ရွှေမှုံက ဝေဖန်မှု တွေ အပေါ် ပြိုလဲ မသွားပဲ ယုံကြည်မှုအပြည်နဲ့ အနုပညာခရီးလမ်းကို ဆက်လက်လှုပ်ရှားေ နပါတယ်။

Happy Birthday par ရွှေမှုံရေ..ဒီ့ထက်ပိုပြီးအောင်မြင်ပါစေ…

phtos from ရွှေမှုံရတီ

SHARE