အသီးရောင်းတဲ့ အဖိုးကို ငွေကြေးကူညီ လှူဒါန်းခဲ့တဲ့ ရွှေပိုးအိမ်နဲ့ အဖွဲ့

Image:Fb/Shwe Poe Eain

ပျံ ကျ ဈေးသည်တစ်ဦးကို အပြစ်ပေးတဲ့ ဗီဒီယိုဖိုင်ဆိုပြီး အွန်လိုင်းပေါ်ကို ဗီဒီယိုဖိုင် တစ်ခု တက်လာခဲ့ပါတယ်။ အမျိုးသားတစ်ဦးက အဖိုးအို တစ်ယောက်ရဲ့ အသီးတွေကို ဖျက်စီးနေတဲ့ ဗီဒီယိုဖိုင်ပါ။လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ  တော်တော်လေး လူပြောများခဲ့ပြီး အနုပညာရှင် ဆယ်လီ တစ်ချို့က အဖိုးကို သနားပြီး ကူညီပေးဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်။အဲ့ဒီအထဲမှာတော့ မင်းသမီး ရွှေပိုးအိမ်ကလည်း တစ်ယောက်အပါအ၀င်ပါ။ရွှေပိုးအိမ်နဲ့ သူမရဲ့  We Love အဖွဲ့ ကတော့ ချို့တဲ့ နွမ်းပါးတဲ့ အဖိုးကို သွားရောက် တွေ့ ဆုံပြီး တက်နိုင်သလောက် ငွေ ကြေး လှူဒါန်း ပေးခဲ့ပါတယ်။

Image:Fb/Shwe Poe Eain
Image:Fb/Shwe Poe Eain

“ဘဝပေးအခြေအနေကြောင့်
စျေးရောင်းနေကြတဲ့ မိသားစုအတွက်
တတ်နိုင်တာလေး သွားကူညီခဲ့တယ်

We love Shwe Poe eain နှင့်
Cover Queen မှ
Yan Lay ဖေကြီးမှ အလှူငွေ-၁သိန်းလှူခဲ့ပါတယ်

အလှူငွေ ၆သိန်း ၂သောင်းလှူခဲ့ပါတယ်

READ
ပရိသတ်တွေကို ရင်ဖိုစိတ်လှုပ်ရှားသွားစေတဲ့ နွယ်နွယ်ထွန်း
Image:Fb/Shwe Poe Eain

ဆက်သွယ် ရန် – ဘဘဦးသိန်းထွန်း 09787053289
၂|၇ ရပ်ကွက် -နဝဒေးပတ်လမ်း,လှိုင်သာယာ…” ဆုိၿပီး ရွှေပိုးအိမ်က သူမရဲ့ FB မှာ တင်ထားပါတယ်။

Image:Fb/Shwe Poe Eain

အဖိုးမှာတော့ မသန်စွမ်းသမီးတစ်ယောက်ရှိပြီး မိသားစု အတွက် ရုန်းကန် ရှာဖွေ ကျွေးမွေး နေခဲ့တာပါ။ရွှေ ပိုးအိမ် တင် မဟုတ်ပဲ Sinon Loresca ကလည်း အဖိုးကို သွားရောက် တွေ့ ဆုံကူညီပေးမယ်ဆိုပြီး သူ့ရဲ့ Fb မှာ လည်း တင်ထားပါတယ်။

Source:Shwe Poe Eain

SHARE