ပရိသတ် (၅) ယောက်ကို ရွေးချယ်ပြီး ညစာအတူတူ စားမယ်ဆိုတဲ့ ရွှေပိုးအိမ်

မော်ဒယ်၊မင်းသမီးတစ်ယောက်အဖြစ် လူသိများပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ၊အသိအမှတ်ပြုမှုတွေ ရရှိဖို့အတွက် ကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရွှေပိုးအိမ်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖေစ်ဘုတ်ကပေါ်မှာ သူမရဲ့ ပရိသတ်တွေအတွက် ကိစ္စတစ်ခုကို အသိပေးခဲ့ပါတယ်။

ရွှေပိုးအိမ်ကတော့ သူမရဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံချင်တဲ့အကြောင်းကို အသိပေးခဲ့တာဖြစ်ပါတယ်။သူမရဲ့ ပရိသတ်တွေထဲက အမာခံ ပရိသတ် (၅) ဦးကို ရွေးချယ်ပြီးတော့ ညစာအတူစားမှာဖြစ်တဲ့အကြောင်းကို ဖေစ့်ဘုတ်ပေါ်မှာ ပြောခဲ့တာဖြစ်ပါတယ်။

ရွှေပိုးအိမ်ကတော့ “ရွှေပိုးချစ်ရတဲ့ We Love တွေနဲ့ ညစာအတူတူစားရင်း စကားလေး လက်ဆုံပြောချင်လို့
ဘယ်ဟိုတယ် 🐷ဘယ် Restaurant ရွေးရပါ့ ???” လို့ရေးထားပြီး ပရိသတ်တွေကိုလည်း မေးထားပါသေးတယ်။ရွှေပိုးအိမ်ရဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာပါပဲနော်။

Source: Shwe Poe Eain

SHARE