ပရိသတ်တွေတိုင်း အားကျသွားလောက်အောင် အချစ်တွေပိုပြနေတဲ့ ရွှေရွှေတို့စုံတွဲ

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ရွှေလက်တွဲသွားခဲ့တဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စား အားပေးမှုတွေကို ရရှိထားထာဖြစ်ပါတယ်။ ရွှေရွှေတို့စုံတွဲကတော့ ချစ်သူတွေဖြစ်နေကြောင်းကို ပရိသတ်တွေကြေငြာခဲ့တဲ့ နေ့ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ကြီးကျယ်ခမ်းနားလွန်းတဲ့ မင်္ဂလာပွဲကလည်း ပရိသတ်တွေကြားမှာ တော်တော်လေး လူပြောများခဲ့တာဖြစ်ပါတယ်။

ဝေဖန်မှုတွေကို ခံရပေမဲ့လည်း အရမ်းကို ချစ်ကြတဲ့ စုံတွဲဖြစ်တဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ကတော့ ဒီကနေ့မှာလည်း သူတို့ရဲ့ စုံတွဲဓါတ်ပုံတွေကို ပရိသတ်တွေကို မျှဝေပေးလိုက်ပြန်ပါပြီ။ အနီရောင် စုံတွဲဝတ်စုံနဲ့ အရမ်းကို လိုက်ဖက်နေတဲ့ ရွှေရွှေတို့စုံတွဲရဲ့ ဓါတ်ပုံလေးတွေကိုတော့ ပရိသတ်တွေလည်း တော်တော်လေး အကြိုက်တွေ့နေကြပါတယ်။

ပရိသတ်တွေတိုင်း အားကျသွားအောင် အချစ်တွေပိုပြနေတဲ့ ရွှေမှုံရတီနဲ့ ရွှေထူးတို့ရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ရွှေရွှေစုံတွဲရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

READ
ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းသစ်များ

Source: Shwe Hmone Yati

 

SHARE