လက်ထပ်ခွင့်တောင်းခဲ့ချိန်က အမှတ်တရလေးကို ပြန်ဝေမျှလိုက်တဲ့ ရွှေ-ရွှေစုံတွဲ

ပရိသတ်တွေကို အမြဲအံ့သြသင့်အောင် လုပ်တတ်တဲ့ ရွှေ-ရွှေစုံတွဲကတော့ လက်ထပ်တော့မယ် ဆိုတဲ့ မင်္ဂလာ သတင်း နဲ့ ထပ်ပြီး အံ့အားသင့်အောင် လုပ်ထားပါတယ်။တွဲတုန်းကလည်း ကောလာဟလလား တကယ်လား ဆိုပြီး ဝေခွဲ မရ  နဲ့ ပရိသတ်တွေကို မျက်စိလည်စေခဲ့ပါသေးတယ်။နောက်ပိုင်းကျမှ နှစ်ယောက်လုံးက ဘန်ကောက်မှာ အတူ ရိုက်ထား တဲ့ ပုံတွေကို တင်ပြီး သူတို့နှစ်ယောက်ရဲ့ Relationship ကို အသိပေးခဲ့တာပါ။အခုလည်း လက်ထပ်မယ့် အကြောင်း ကို ဖိတ်စာတွေ အားလုံးရိုက်ပြီးမှ ပရိသတ်တွေကို ကို အသိပေးချပြခဲ့တာပါ။

ပရိသတ်တွေက အချေမင်းသမီးလေး ဆိုပြီး နာမည်ပေးထားတဲ့ ရွှေမှုံကို ရွှေထူးတစ်ယောက် ဘယ်လို မျိုး လက်ထပ် ခွင့် တောင်းခဲ့လဲ ဆိုတာကို အားလုံးက သိချင်နေကြမှာပါ။ရွှေထူးတစ်ယောက် ရွှေမှုံ့ကို တကယ့်ကို ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တာပါ။သူတို့နှစ်ယောက်ရဲ့ အမှတ်တရ အချိန်လေးကို အမှတ်တရဗီဒီယိုဖိုင်လေး ရိုက်ထားပြီး ရွှေ-ရွှေ စုံတွဲက သူတို့ရဲ့ fb မှာဝေမျှခဲ့ပါတယ်။

READ
ကျစ်လစ်နေတဲ့ သူမရဲ့ အလှ တရားကို ထုတ်ပြ လိုက်တဲ့ သင်ဇာဝင့်ကျော်

ရွှေထူးက ရွှေမှုံကို လက်ထပ်ခွင့်တောင်းဖို့ သူပြင်ဆင်ထားတဲ့ ဘောလုံးကွင်းထဲကို ခေါ်သွားခဲ့တာပါ။ပြင်ဆင်ထားတဲ့ အသဲ ပုံဖော်ထားတဲ့ နှင်းဆီပွင့်ချပ်တွေ အလယ်ကိုရောက်ချိန်မှာတော့ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်း ခဲ့တာပါ။ဗီဒီယိုဖိုင် ရဲ့ နောက်ခံ သီချင်းကိုတော့ ရွှေထူးရဲ့ Candy ဆိုတဲ့ သီချင်းလေးနဲ့ပါ။ရွှေထူး တစ်ယောက် ရွှေမှုံ့ကို ဘယ်လိုမျိုး ရိုမန်တစ် ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့လဲ ဆိုတာကို သိရဖို့ ဖော်ပြပေးလိုက်ပါတယ်။

 

https://www.facebook.com/YourMyCandy/videos/10211001329589801/

ရွှေ-ရွှေစုံတွဲရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ (30.10.2018) ရက်နေ့က  နေပြည်တော်မှာ ပြုလုပ်ခဲ့တာပါ။ သူတို့နှစ်ယောက်လက်ထပ်တော့မယ့် အကြောင်းကိုတော့ နိုဝင်ဘာ(၂)ရက်နေ့က ပရိသတ်တွေကို အသိပေး ခဲ့တာပါ။ မင်္ဂလာပွဲကိုတော့  နိုဝင်ဘာ(၁၁)ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာပါ။

 

Source ရွှေထူး၊ရွှေမှုံရတီ

SHARE