သိက္ခာတရား ထိပါးလာတဲ့ Comment ကို ရွှေသမီး တုံ့ပြန်

ရွှေသမီးကတော့ ချစ်စရာကောင်းတဲ့ အပြုံးမျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက်ပါ။ ရွှေသမီးဖြေထားတဲ့ အင်တာဗျူးဖိုင်တစ်ခု အွန်လိုင်းပေါ်မှာ နာမည်ကြီး နေပါတယ်။ “မိန်းမချင်းကြိုက်နေတဲ့သူလည်းမဟုတ်သလို ဒီအရွယ်အထိလည်း ရည်းစားမထားသေးဖူးပါဘူး” ဆိုတဲ့ Myanmar Celebrities ရဲ့ အင်တာဗျူးပါ။

အဲ့ဒီ အင်တာဗျူးကိုတော့ ရွှေသမီးက သူမရဲ့ fb မှာ “သူသိပါစေ” ဆိုပြီး ပြန်ရှယ်ခဲ့ပါတယ်။ အဲ့ဒီ Post ရဲ့ အောက်မှာတော့ “ရည်းစားသာမထားဘူးတာ သမီးရယ် သင်္ကြန်တုန်းက ဗန်းဒေရှ် Luxury မှာ ညအိပ်ဝတ်စုံလေး မနက်စာ စားနေတဲ့အကြောင်းလေး” ဆိုပြီး မန့်ထားတာပါ။ လူပြောများလာပြီး သူမရဲ့ သိက္ခာတရားကို ထိပါးလာတဲ့ ဒီ Comment ကို ရွှေသမီးက ခုလို ပြန်ရှင်းထားပါတယ်။

“facebookမှာ ဒီ commentကိုမြင်တဲ့သူကမြင်တယ် screenshot ရိုက်ပြီးပို့ပေးတယ် ပြောတဲ့သူမေးတဲ့သူရှိလာရင်တော့ ရွှေ့ဘက်ကဖြေရှင်းပေးဖို့တာဝန်ရှိပါတယ်✌️ဟုတ်ကဲ့..ကျွန်မရွှေသမီး ဒီဟိုတယ်ကိုသိပါတယ် ခေတ်နောက်ကျတယ်ဘဲပြောပြော ပိုတယ်ဘဲပြောပြော ဒီဟိုတယ်ပေါ်မှာညအိပ်ဝတ်စုံလေးဝတ်ပြီးမနက်စာစားဖို့မပြောနဲ့ ဟိုတယ်အပေါက်ဝတောင်မရောက်ဖူးပါဘူးရှင့်😬ရှုတင်နဲ့ကမ်းနားကိုရောက်ရင်တောင် အဲ့ဘက်ကိုသွားမရိုက်ဖြစ်တဲ့အတွက်စပ်စုချင်ရင်တောင်မသွားဖြစ်ပါဘူးလို့😅သင်္ကြန်ဆို ရန်ကုန်မှာရှိတာ ၃နှစ်လောက်ရှိပါပြီ

READ
Ji Soo တင်ခဲ့တဲ့ Instagram ပေါ်က Bromance ဆန်စေတဲ့ပုံများ

၃နှစ်လုံးအိမ်ထဲမှာဘဲနေပါတယ် သင်္ကြန်တွင်းအပြင်မထွက်ချင်ရင် အလုပ်ရှိရင်တောင်cancelလုပ်ဖြစ်တာများပါတယ် ရေးတဲ့သူကအတိအကျဆိုတော့မေးတဲ့သူလဲများတာပေါ့နော် ရွှေကလဲဖြေရှင်းရတော့တာပေါ့နော်😘ပြီးတော့လေ ရွှေသာဆို မနက်စာကို အဲ့လိုလူမြင်ကွင်းမျိုး အဲ့လိုဟိုတယ်မှာဆို(အောင်ပင်လယ်သူလေးဆိုတော့ အဲ့လိုဟိုတယ်မျိုးကကြီးတယ်ပေါ့နော်😉)လှလှပပလေးဝတ်ပြီး မနက်စာစားမှာပါလို့(စိတ်ကူးကြည့်တာပေါ့နော်😁)အိမ်မှာမနက်စာစား ရင်တော့ ညအိပ်ဝတ်စုံစုတ်စုတ်လေးတွေဘဲဝတ်ပြီး စားပါတယ်လို့😁

သိလိုသူများ သိချင်သူများအတွက် ဖြေရှင်းပြောပြရခြင်းဖြစ်ပါတယ် commentရေးပေးတဲ့ အစ်ကို/အစ်မ(အစ်ကိုလား အစ်မလားမသိလို့ပါ)လဲ အဲ့ဟိုတယ်မှာညအိပ်ဝတ်စုံလေးနဲ့မနက်စာစားနေတာ ရွှေသမီးမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်ရှင့်😉✌️ချစ်ခြင်းများစွာဖြင့် ရွှေသမီး” ဆိုပြီး ချက်ကျလက်ကျနဲ့ ပြန်ရှင်းခဲ့ပါတယ်။

from ရွှေသမီးရဲ့ fb

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE