အသက်သခင်ကျေးဇူးရှင် လေယာဉ်မှူးကို သွားရောက်ကန်တော့ခဲ့တဲ့ စည်သူမောင်

မေလ ၁၂ ရက်နေ့ မနက်ပိုင်းမှတော့ MNA လေယာဉ်တစ်စီး ရှေ့ဘီးချမရပဲ လေယာဉ်ဦးနဲ့ မြေပြင်ကို ဆင်းသက်ခဲ့တာကတော့ လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေကြားတော်တော်လေး လူပြောများခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ်မှူးဦးမြတ်မိုးအောင်ရဲ့ ထူးချွန်မှုကြောင့် ခရီးသည်တစ်ယောက်မှ မထိခိုက်ပဲ ဆင်းသက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီလေယာဉ်မှာတော့ အနုပညာရှင်တွေဖြစ်တဲ့ ခင်လေးနွယ်၊နေမင်း၊ စည်သူမောင်နဲ့ ယုသန္တာတင်တိုလည်း လိုက်ပါစီးနင်းခဲ့ကြတာဖြစ်ပါတယ်။ သူတို့လည်း လူမှုကွန်ရက်ကနေတစ်ဆင့် လေယာဉ်မှူးကြီးကို ကျေးဇူးတင်တဲ့အကြောင်းတွေကို ရေးသားခဲ့ကြပါတယ်။ စည်သူမောင်ကတော့ ဒီကနေ့မှာ လေယာဉ်မှူးဦးမြတ်မိုးအောင်ဆီကို ကိုယ်တိုင်သွားရောက်ပြီး ကန်တော့ခဲ့တာဖြစ်ပါတယ်။

စည်သူမောင်ကတော့ “အသက်သခင် ကျေးဇူးရှင်အား ဂါရဝပြု ” လို့ ရေးထားပြီး ဓါတ်ပုံတွေကိုလည်း တင်ပေးထားပါသေးတယ်။ ကျေးဇူးရှင် အခုလို အသိအမှတ်ပြုပြီး ဂုဏ်ပြုတာကလည်း မင်္ဂလာတစ်ပါးပါပဲနော်။

Source: Si Thu Maung

READ
မှားခဲ့တာတွေအတွက် ပရိသတ်ကို ဝန်ချတောင်းပန်လိုက်တဲ့ နေခြည်နွေးနွေးထက်

 

SHARE