တစ်မိနစ်စာ Scene အတွက် ဆံပင်ရှည်ကြီးကို အဆုံးရှုံးခံခဲ့တဲ့ စည်သူဝင်း

Image:fb/Si Thu Win/Talent Management Center

ဆံပင်ရှည်နဲ့ လိုက်တဲ့ မြန်မာအမျိုးသားအနုပညာရှင်တွေထဲမှာ စည်သူဝင်းလည်း တစ်ယောက်အပါအ၀င်ပါ။ပရိသတ်တွေ အားလုံးကလည်း စည်သူဝင်းတစ်ယောက် ဆံပင်ရှည်နဲ့ အရမ်းလိုက်တယ်ဆိုပြီး  ချီးကျူးခဲ့ကြပါတယ်။ အဲ့ဒီလို ဆံပင်ရှည်နဲ့ လိုက်တယ်ဆိုပြီး အားလုံးက ၀ိုင်းပြောနေချိန်မှာပဲ စည်သူဝင်းက သူ့ရဲ့ ဆံပင်ရှည်ကြီးကို ညှပ် ပစ်လိုက် ပါတယ်။ဆံပင်ရှည်ကို ဘာကြောင့်ညှပ်ပစ်လိုက်လဲ ဆိုတာကို သိချင်နေတဲ့ ပရိသတ်တွေ အတွက် စည်သူ ၀င်း က အခုဆိုရင် သေချာပြန်ရှင်းပြခဲ့ပါတယ်။

Image:fb/Si Thu Win
Image:fb/Si Thu Win

ညှပ်လိုက်ရတဲ့ အဓိက အကြောင်းအရင်းကတော့ နှင်းဆီ ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်းရဲ့ နောက်ဆုံး Scene အတွက် ပါ။တကယ်တော့ အဲ့ဒီ Scene က တစ်မိနစ်စာလောက်ပဲ ကြာတာပါ။တစ်မိနစ် ဆိုတဲ့ အချိန် လေး  အတွက် ကတုံးအတု ကို သုံးလို့ ရပေမယ့်လည်း ပရိသတ်တွေကို မညာချင်တဲ့ စိတ်၊ဆရာမကြီးမစန္ဒာရဲ့ ၀တ္ထု အပေါ် တန်ဖိုး ထားတဲ့ စိတ်ကြောင့် သူနှစ်နှစ်လောက် အရှည်ထားခဲ့ရတဲ့ ဆံပင်ရှည်ကို အဆုံးရှုံးခံခဲ့တာပါ။

READ
One Lady Show ပြုလုပ်ပီးရင် အနားယူတော့မယ်လို့ပြောလိုက်တဲ့ အိုင်းရင်းဇင်မာမြင့်
Imge:fb/Talent Management Center
Imge:fb/Talent Management Center

“ဟိုအရင်ကဆံပင်ဘာလို့အတိုညှပ်လိုက်လဲမေးကြလို့ အခုဖြေပါမယ် ဒီ scene အတွက်ညှပ်ခဲ့တာပါ scene က ၁မိနစ်စာကို ကတုံးအတုစွပ်လို့ရပေမဲ့ နှင်းဆီကိုအားပေးတဲ့ ပရိတ်သတ်တွေကိုမညှာချင်ဘူး ဆရာမကြီးမစန္ဒာရဲ့ ဝတ္တုအပေါ်တန်ဖိုးထားတယ် အနုပညာအပေါ်လည်း အခွင့်ရေးရရင် ရသလိုပေးဆပ်မယ်ဆိုတဲ့စိတ်လည်းရှိပြီးသား ပြီးတော့ ကျွန်တော့ပရိတ်သတ်တွေ ကျွန်တော့ကိုအားပေးရကြိုးနပ်စေချင်တယ်..

 

ဟိုအရင်ကဆံပင်ဘာလို့အတိုညှပ်လိုက်လဲမေးကြလို့ အခုဖြေပါမယ် ဒီ scene အတွက်ညှပ်ခဲ့တာပါ scene က ၁မိနစ်စာကို ကတုံးအတုစွပ်လို့ရပေမဲ့ နှင်းဆီကိုအားပေးတဲ့ ပရိတ်သတ်တွေကိုမညှာချင်ဘူး ဆရာမကြီးမစန္ဒာရဲ့ ဝတ္တုအပေါ်တန်ဖိုးထားတယ် အနုပညာအပေါ်လည်း အခွင့်ရေးရရင် ရသလိုပေးဆပ်မယ်ဆိုတဲ့စိတ်လည်းရှိပြီးသား ပြီးတော့ ကျွန်တော့ပရိတ်သတ်တွေ ကျွန်တော့ကိုအားပေးရကြိုးနပ်စေချင်တယ်..၂နှစ်လောက်ထားခဲ့ရတဲ့ ဆံပင်ရှည်ကို နှမျောပေမဲ့ ဒီလိုအခွင့်ရေးမျိုးလည်းနောက်ထပ်ရချင်မှရတော့မှာ ရတုန်းလေး အကောင်းဆုံးကြိုးစားချင်လို့ပါ နောက်ထပ် အခွင့်အရေးပေးလာရင်လည်း ဒီထပ်ပိုကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်……အားပေးခဲ့တဲ့ သူတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ပါတယ်ဗျ🙏#စာကသိပ်မရေးတတ်လို့ဖတ်ရတာအစဉ်မချောရင်ခွင့်လွှတ်ပါနော်✌

Posted by Si Thu Win on Tuesday, 17 September 2019

၂နှစ်လောက်ထားခဲ့ရတဲ့ ဆံပင်ရှည်ကို နှမျောပေမဲ့ ဒီလိုအခွင့်ရေးမျိုးလည်းနောက်ထပ်ရချင်မှရတော့မှာ ရတုန်းလေး အကောင်းဆုံးကြိုးစားချင်လို့ပါ
နောက်ထပ် အခွင့်အရေးပေးလာရင်လည်း ဒီထပ်ပိုကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်……
အားပေးခဲ့တဲ့ သူတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ပါတယ်ဗျ🙏
#စာကသိပ်မရေးတတ်လို့ဖတ်ရတာအစဉ်မချောရင်ခွင့်လွှတ်ပါနော်✌….” ဆိုပြီး စည်သူဝင်းက တင်ခဲ့ပါတယ်။

Image:fb/Si Thu Win

Source:စည်သူဝင်း

SHARE