Sia ကိုတော့ အားလုံးက မျက်နှာတစ်ဝက်လောက် အုပ်နေတဲ့ အိုးမုတ်ခွက်ကေန့ ပေါ့ပ်အဆိုတော်တစ်ယောက်ဖြစ် သိထားကြမှာပါ။ သူ့ရဲ့သီချင်းတေော်တော်များများထဲမှာ ကလေးလေးတစ်ယောက် အမြဲတမ်း ပါနေတာကိုလည်း သတိထားမိကြမယ်လို့ ထင်ပါတယ်။ Sia နဲ့ ဆံပင်အတူတူ၊ အင်္ကျီအတူတူဝတ်ပြီး လိုက်ကပေးတတ်တဲ့ ပင်တိုင်အကမယ်လေးပေါ့။
View this post on Instagram
သူမနာမည်ကတော့ Maddie Ziegler ပါ။ Chgandelier ဆိုတဲ့ Sia ရဲ့ Chandelier သီချင်း music video နဲ့ လူသိများလာခဲ့တာပါ။ အဲ့နောက်ပိုင်းလည်း Sia ရဲ့ သီချင်းတိုင်းလိုလိုမှာ Maddie ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
View this post on Instagram
အခုဆိုရင် Sia တစ်ယောက် ဂီတလောကထဲကနေပြီး ရုပ်ရှင်နယ်ပယ်ထဲကို ဝင်လာနေခဲ့ပါပြီ။ Music ဆိုတဲ့ ရုပ်ရှင်ကို ပထမဆုံးအနေနဲ့ ဒါရိုက်တာအဖြစ် တာဝန်ယူကာ ရိုက်ကူးနေခဲ့ပါတယ်တဲ့။ အကြောင်းကတော့ မူးယစ်ဆေးရောင်းဝယ်ပြီး ဝမ်းစာရှာဖွေနေတဲ့ အစ်မဖြစ်သူနဲ့ အတူတူနေနေရတဲ့ autism ဖြစ်နေတဲ့ ဆယ်ကျော်သက်လေးအကြောင်းပါ။
ဒီကားထဲ အစ်မနေရာကိုတော့ Kate Hudon က သရုပ်ဆောင်မှာဖြစ်ပြီးတော့ autism ကလေးမလေးနေရာမှာတော့ သူ့ရဲ့လက်စွဲတော် Maddie Ziegler ကို သရုပ်ဆောင်ဖို့ Sia ကိုယ်တိုင် ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပရိတ်သတ်တွေကတော့ ဒီရွေးချယ်မှုနဲ့ ပတ်သက်ပြီး လုံးဝ မကျေနပ်နေကြပါဘူး။
The news you’ve been waiting for! 🙌 Music, the movie written & directed by Sia + starring Kate Hudson, @leslieodomjr & @maddieziegler, will be arriving in early 2021! Watch a sneak peek of the movie right here. pic.twitter.com/w38L2UtIhJ
— sia (@Sia) November 19, 2020
မကျေနပ်တာထက်စာရင် အားမလိုအားမရဖြစ်တာပေါ့။ Autism ကလေးမလေးနေရာမှာ တကယ့် autism ဖြစ်နတဲ့ ကလေးတစ်ယောက်ကို ရွေးသင့်ကြောင်းနဲ့ ဘာကြောင့် Maddie ကို အရမ်းပွဲထုတ်နေတာလဲဆိုပြီးတော့ ဝေဖန်နေခဲ့ကြတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး Sia ကတော့ သူ့ရဲ့ လူမှုကွန်ယက်မှာ အခုလိုပဲ ပြတ်ပြတ်သားသားဖြေခဲ့ပါတယ်။
သူဟာ Maddie Ziegler မပါရင်ကို ဘယ်ပရောဂျက်မှ မလုပ်ချင်တော့တာမလို့ပါတဲ့လေ။ Maddie မပါရင်ကို သူ့ရဲ့အနုပညာတွေက အစစ်မဟုတ်သလို ခံစားနေရပါသတဲ့။
View this post on Instagram
View this post on Instagram
penny