ထီပေါက်တဲ့သူယောင်ဆောင်ပြီး စတိုးဆိုင်မှာ အလှူလုပ်ခဲ့တဲ့အဆိုတော်

Twitter / Adri Buckles

“Chandelier” သီချင်းနဲ့ လူသိများပြီး ကျော်ကြားခဲ့တဲ့ အဆိုတော် ဆီယာ ကတော့ စတိုးဆိုင်ကြီးတစ်ခုမှာ သူနဲ့အတူ ဈေးဝယ်နေသူတွေ အားလုံးအတွက် ပိုက်ဆံရှင်းပေးလိုက်ပြီး အားလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၇)တုန်းက ဖြစ်ခဲ့တဲ့ ဒီ အဖြစ်အပျက်လေးဟာ အားလုံးကို ပျော်ရွှင်သွားစေခဲ့ပြီး လူသုံးကုန်နဲ့ စားသုံးကုန်ပစ္စည်းတွေရောင်းတဲ့ WalMart တစ်ခုထဲကို ဆီယာ က ရောက်လာခဲ့တာပါ။

ဆီယာ ဟာ သူမလိုချင်တဲ့ ပစ္စည်းလေးတွေ ၀ယ်ပြီးတဲ့နောက်မှာတော့ သူမဟာ ထီပေါက်ထားသူ တစ်ယောက်ဖြစ်ကြောင်းနဲ့ ဒီဆိုင်မှာ ၀ယ်ယူနေသူတွေအားလုံးအတွက် ပိုက်ဆံရှင်းပေးချင်ကြောင်း ကြေညာခဲ့ပြီး သူမနဲ့အတူ ၀ယ်ယူသူမှန်သမျှကို ပိုက်ဆံရှင်းပေးခဲ့တာပါ။

READ
ဂျပန်နိုင်ငံမှာရှိတဲ့ မြေခွေးရွာလေး Zao Fox Village

အဲဒီနောက်မှာတော့ ဈေးဝယ်သူတွေက သူတို့အတွက် ပိုက်ဆံရှင်းပေးတဲ့သူဟာ နာမည်ကြီးအဆိုတော် တစ်ယောက်ဖြစ်ကြောင်း သိသွားကြပြီး အားလုံးပဲ အံ့အားသင့်သွားခဲ့တာပါ။

Twitter / WhoLeeOoh

တွစ်တာ၊ အင်စတာဂရမ် စတဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ ဆီယာ ရဲ့ ဒီအလှူလုပ်ခဲ့တဲ့ ဗီဒီယို လေးက နာမည်ကြီးနေပြီး ပြန်လည်မျှဝေသူတွေအများအပြား ရှိခဲ့တာပါ။

အားလုံးက ဆီယာ ဟာ သူမရဲ့ စိတ်ကောင်းရှိမှုကို တခြားသူတွေသိအောင် ပြလိုက်တာပဲဖြစ်ပြီး တခြားသူတွေအပေါ် ကူညီပေးနေရတာကို ပျော်နေသူ တစ်ယောက်လို့ မှတ်ချက်ပေးနေကြပါတယ်။

Twitter / Adri Buckles

လက်ရှိမှာ အသက် (၄၃)နှစ်ရှိနေပြီဖြစ်တဲ့ သြစတြေးလျနိုင်ငံသူ အဆိုတော်ဟာ တေးဂီတနဲ့ ပတ်သက်တဲ့ ဆုတံဆိပ်တွေအများကြီး ရရှိခဲ့သလို ဓာတ်ပြားအချပ်ရေ သန်းပေါင်းများစွာ ရောင်းချထားရသူ တစ်ယောက်လည်း ဖြစ်ပါသေးတယ်။

Linn

SHARE