မောင်နှမတွေ ကားရှေ့ခန်းလုရင်း ရန်ဖြစ်ရာကနေ ရဲအဖမ်းခံရတဲ့အဖြစ်

WNEP

မောင်နှမတွေတစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ကြတာက အဆန်းတကြယ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီမောင်နှမအဖြစ်ကတော့ တကယ့်ကို ရီစရာပါ။ အမေရိကန်က မောင်နှမနှစ်ယောက်ဟာ ကားထဲမှာ ယာဉ်မောင်းသူဘေးနား ရှေ့ခန်းမှာ ဘယ်သူထိုင်မလဲဆိုပြီး လုရင်း အငြင်းအခုန်ဖြစ်ပြီးချကြရာ  နှစ်ယောက်သား ရဲအဖမ်းခံခဲ့ရပါတယ်။

အသက်(၂၇)နှစ်အရွယ်အကိုဖြစ်သူ Bretနဲ့ အသက်(၂၀)အရွယ် ညီမဖြစ်သူ Brianna Brezenskiတို့ဟာ ပန်ဆယ်ဗေးနီးယားပြည်နယ် Olyphant မြို့ငယ်မှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။ ဒီမောင်နှမ ဖြစ်ကြတဲ့ ပြဿနာအစအဆုံးကတော့ ဒီလိုပါ။

YouTube/WNEP

အကိုဖြစ်သူ Bret က ညီမဖြစ်သူ Brianna ကို အလုပ်က အပြန်ဝင်ခေါ်ရာ ၊ ကားရှေ့ခန်းမှာ Bretရဲ့ရည်းစားကောင်မလေးက ထိုင်နေတာကိုမြင်ပြီးတော့ ညီမက ဒေါကန်သွားတယ်ထင်ပါတယ်။ ကားရှေ့ခန်းမှာ သူထိုင်မယ်၊ ငါထိုင်မယ် အငြင်းပွားစရာကိစ္စကလည်း ပေါ်လာတော့ အဖုအထစ်ကြီးပိုကြီးသွားပြီး ၊ စကားများကြကာ ကားအပြင်မှာ လုံးထွေးသတ်ပုတ်ကြပါတော့တယ်။ ဒါကို ကားထဲကကောင်မလေးက အပြင်မထွက်ဘဲ ကားထဲမှာ ထိုင်နေရင်း ကြောက်လန့်တကြား ကယ်ကြပါအုံးဆိုပြီး အော်ဟစ်နေခဲ့ပါတယ်။ အော်ဟစ်အကူအညီ တောင်းနေတဲ့ ကောင်မလေးကိုမြင်သွားတဲ့ မလှမ်းမဝေးမှာ ခရစ်စမတ်သစ်ပင်ဆင်နေတဲ့လူတစ်ချို့က အဲ့ဒီ ကောင်မလေး ပြန်ပေးဆွဲခံနေရတယ်ဆိုတဲ့ အထင်နဲ့ ရဲတွေကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

YouTube/WNEP

ရဲတွေလိုက်လာမှန်းသိတော့ သူတို့ အတင်းကားမောင်း ထွက်ပြေးခဲ့ကြပါတယ်။

နောက်ဖမ်းမိသွားတဲ့အချိန်မှာ ရဲကို Bret က ပထမတစ်ကြိမ်မှာ ခုခံရန်မူလာခဲ့ပါတယ်။ ပြန်မခုခံဖို့ ရဲက တောင်းပန်ပေမယ့် နားမထောင်တဲ့အဆုံး Bretကို တချက်တည်း မျက်ခင်းပေါ် ကိုင်ပေါက်လိုက်ပါတယ်။ အစ်ကို ကို ကိုင်ပေါက်တာမြင်သွားတဲ့ ညီမဖြစ်သူ Briannaက သူ့အကိုစ်ကို လုပ်ရကောင်းလားဆိုပြီး ရဲကို တိုက်ခိုက်ပါတော့တယ်။ တခြားရဲတွေလည်းရှိတာကြောင့် Brianna ကို ၀ိုင်းဝန်းထိန်းချုပ်လိုက်ကြပြီး၊ မောင်နှမနှစ်ယောက်လုံးကို ဖမ်းဆီးသွားခဲ့ပါတယ်။ အခုသူတို့ မောင်နှမကို ရုန်းရင်းဆန်ခတ်မှု၊ ရဲတွေကို ခုခံတိုက်ခိုက်မှုနဲ့ စွဲချက်တင်ထားပါတယ်။

READ
သမိုင်းတစ်လျှောက် ကွာရှင်းလျော်ကြေးအကြီးဆုံးဖြစ်ခဲ့တဲ့ Amazon သူဌေးကွာရှင်းမှု

ကြမ်းကြမ်းတမ်းတမေးမောင်နှမနှစ်ယောက်ရဲ့ အဖြစ်အပျက်ကို အစအဆုံးမြင်ခဲ့တဲ့ Bret ချစ်သူကောင်မလေးကတော့ တော်တော်ကြောက်လန့်သွားတယ် ထင်ပါရဲ့။ သူ့ချစ်သူ Bretနဲ့ ညီမဖြစ်သူ Briannaအပြင် သူတို့ Brezenski မိသားစုအကုန်လုံးကို သူမအနား မကပ်ရ အမိန့်ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Khaing

SHARE