နေ့လည်စာဖိုးရဖို့အတွက် ကျောင်းမသွားခင် ဖိနပ်ချုပ်ကြရတဲ့ ကလေးနှစ်ယောက်ရဲ့ဘဝ

Youtube

ဖိလစ်ပိုင်နိုင်ငံ၊ ပါလာဝမ်ပြည်နည်အတွင်းက ပူအာတို ဆိုတဲ့မြို့လေးမှာနေထိုင်တဲ့ ဖိနပ်ချုပ်သမား မိသားစု တစ်ခုအကြောင်း ပြောပြချင်တာပါ။ အီမန်နျူရယ်နဲ့ မာရီအန်း ဆိုတဲ့ ဇနီးမောင်နှံက ပူအာတိုမြို့ရဲ့ လမ်းထောင့်တစ်နေရာမှာ ဖိနပ်ချုပ်ကြရသူတွေဖြစ်ပြီး သူတို့မှာ အသက် (၁၃)နှစ်အရွယ် သမီးတစ်ယောက်နဲ့ အသက် (၁၂)နှစ်အရွယ် သားတစ်ယောက် ရှိပါတယ်။

အီမန်နျူရယ် တို့ ဇနီးမောင်နှံက ဆင်းရဲကြသူတွေပီပီ သူတို့ ကလေးတွေရဲ့ ကျောင်းစရိတ်ကို ကြိုးစားပြီး ရှာနေကြရသူတွေပါ။ သူတို့ တတ်နိုင်တာဆိုလို့ ကလေးတွေရဲ့ ကျောင်းစရိတ်ပဲရှိပြီး သူတို့ရဲ့ ကျောင်းမုန့်ဖိုးတောင် မပေးနိုင်ကြသူတွေပါ။

Youtube

ဒီအခြေအနေမှာ မန်နျူလီတာ နဲ့ မစ်ကို တို့ မောင်နှမ တွေက သူတို့ကျောင်းမုန့်ဖိုး၊ နေ့လည်စာ စားဖို့အတွက် သူတို့ကိုယ်တိုင် ပိုက်ဆံရှာရပါတော့တယ်။ အဲဒါကတော့ အဖေဖြစ်သူရဲ့ဆိုင်မှာ ဖိနပ်တွေ ချုပ်ဖို့ပါပဲ။

READ
(၁၅) နှစ်ကြာ မညှပ်ပဲထားခဲ့တဲ့ ဆံပင်ရှည်ကို မွန်မြတ်စွာအလှူပြုခဲ့တဲ့ အမျိုးသား

နေ့တိုင်းလိုလို ၊ နေ့လည်စာဖိုးရတဲ့အထိ နှစ်ယောက်စလုံး ဖိနပ်တွေ ထိုင်ချုပ်ကြရပြီး သုတို့စားဖို့အတွက် ပိုက်ဆံရတဲ့အခါမှာမှ ကျောင်းဆီ သွားကြရပါတယ်။

ဖိလစ်ပိုင်နိုင်ငံတွင်း သတင်းစာ တစ်စောင်က သတင်းထောက်တစ်ယောက်က ဖိနပ်ချုပ်နေတဲ့ အဖြူအစိမ်းဝတ် ကလေးငယ်နှစ်ယောက်ကို မြင်ရာကနေ သူတို့ရဲ့အကြောင်းကို အားလုံးသိအောင် ဖော်ပြခဲ့တာပါ။ သူတို့ဟာ ဘ၀ကို အရှုံးမပေးကြသူတွေ ဆိုတာပေါ့။

Youtube

မန်နျူလီတာ တို့ကိုယ်တိုင်ကလည်း သူတို့ ကျောင်းမှာ နေ့လည်စာဖိုးရဖို့အတွက် ဖိနပ်ချုပ်နေကြရတယ်လို့ ၀န်ခံပါတယ်။ သူတို့အတွက်တော့ ဒါက အလုပ်တစ်ခုပဲဖြစ်ပြီး ရိုးသားတဲ့အလုပ်တစ်ခုမှ ဘာကိုမှ ရှက်နေစရာမလိုဘူးလို့ သတင်းထောက်ကို ပြောတာပါ။ သူတို့ရဲ့ ဖိနပ်ချုပ်ခြင်းကနေ ရတဲ့ပိုက်ဆံအချို့ကို ကျောင်းမှာစားရတဲ့ နေ့လည်စာ အပြင် အခြား ကျောင်းတွင်း ကုန်ကျစရိတ်တွေအတွက်ပါ သုံးရပါသတဲ့။

READ
တစ်ခါက မိုက်ပြစ်တွေကြောင့် စိတ်ဆင်းရဲခဲ့ရတဲ့ ဖခင်အတွက် သားဂန်းစတားရဲ့ ပျော်ရွှင်စေပုံ

မိခင်ဖြစ်တဲ့ မာရီအန်း ကတော့ သူမရဲ့ မိသားစုဟာ ပုံမှန်စားနိုင်ဖို့အတွက် ရုန်းကန်နေရကြောင်း ၀န်ခံသွားခဲ့ပြီး သူတို့မှာ နေစရာ ကိုယ်ပိုင်အိမ်တောင် မရှိသေးတဲ့အကြောင်း ပြောဆိုသွားပါတယ်။ ဒါပေမယ့်လည်း သူမက ကလေးတွေရဲ့ ကြိုးစားမှုအတွက် ဂုဏ်ယူနေပြီး သူတို့ ကျောင်းတက်နေသရွေ့ အနာဂတ်အတွက် မျှော်လင့်ချက် ရှိနေတယ်လို့ ဆိုပါတယ်။

နောက်ဆုံးမှာတော့ မန်နျူလီတာ တို့ တက်နေတဲ့ကျောင်းရဲ့ ကျောင်းအုပ်ကြီး ကိုယ်တိုင်က ဒီသတင်းကို သတိထားမိသွားပြီး ကြိုးစားလွန်းတဲ့ ဒီကလေးငယ်နှစ်ယောက်ကို အခမဲ့စာသင်ခွင့်အပြင် လစဉ်ထောက်ပံ့ကြေးတစ်ခုကိုပါ ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒီသတင်းက ဖိလစ်ပိုင်သတင်းစာတွေထက်မှာရော၊ ဆိုရှယ်မီဒီယာတွေပေါ်မှာပါ နာမည်ကျော်သွားခဲ့ပြီး ဘ၀ကို အရှုံးမပေးတဲ့ ကလေးနှစ်ယောက်အနေနဲ့ နောက်ဆုံးမှာ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရရှိသွားခဲ့တယ်လို့ အားလုံးက ချီးကျူးခဲ့ကြပါတယ်။

Linn

SHARE