ဆံပင်ဖြောင့်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

ဆံပင်အဖြောင့်ပုံစံဟာ ဆံနွယ်တွေကို တောက်ပြောင်လှပစေပြီး ဖြောင့်စင်းစေပါတယ်။ ကြမ်းတမ်းဖွာထွက်နေတဲ့ ဆံကေသာတွေဟာ ဆံပင်ဖြောင့်စက်နဲ့ ပုံသွင်းပြီးနောက်မှာ လှပဖြောင့်စင်းတဲ့ ဆံကေသာ ဖြစ်သွားစေပါတယ်။ ဒါပေမယ့် ဒီလိုအလွယ်တကူ ဆံသားပုံစံကို ပြောင်းလဲခြင်းရဲ့ နောက်ကွယ်မှာတော့ သင်သတိမထားမိတဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိနေပါတယ်။ ဆံကေသာပြုပြင်ပုံသွင်းခြင်းတွေနဲ့ ပတ်သက်တဲ့အခါ နည်းစနစ်အမှန်ကို သိရှိထားသင့် သလို ဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေကိုလည်း သိရှိထားသင့်ပါတယ်။

မမှန်ကန်တဲ့ ဆံပင်ဖြောင့်ခြင်းနည်းစနစ်တွေဟာ အန္တရာယ်ရှိပြီး ရေရှည်ဆံပင်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ နာမည်ကြီး အလှပြင်ဆိုင်တွေနဲ့ ဆံသားပညာရှင်တွေအနေနဲ့တော့ သတိကြီးစွာထားပြီး ဂရုတစိုက် ပြုလုပ်ပေးနိုင်ပေ မယ့် ပျက်စီးမှုအတိုင်းအတာဟာ လူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားပါသေးတယ်။ ဆံသားရဲ့ အရည်အသွေးနဲ့ အမျိုးအစားပေါ် မူတည်ပြီးတော့လည်း ပျက်စီးနိုင်မှုပမာဏ ကွဲပြားနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ပုံစံ ပြောင်းလဲဖို့ စဉ်းစားနေပြီး ဆံပင်ဖြောင့်ဖို့ ဆုံးဖြတ်ထားတဲ့ ပျိုမေတို့အတွက် သိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖော်ပြပေး လိုက်ပါတယ်။

သဘာဝမဟုတ်ဘဲနဲ့ ပြင်ပကြိုးစားအားထုတ်မှု တစ်ခုခုနဲ့ ပြောင်းလဲပြင်ဆင်ဖို့ ကြိုးစားတဲ့အရာတိုင်းဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ ထိုအရာတွေထဲမှာ ဆံပင်ဖြောင့်ခြင်းလည်း ပါဝင်ပါတယ်။ ဆံပင်ဖြောင့်တဲ့ နည်းစနစ်တွေ အမျိုးမျိုးရှိကြပြီး အများအားဖြင့် အပူကို ဆံသားနဲ့ တိုက်ရိုက်ထိတွေ့စေခြင်းနဲ့ ပြင်းထန်တဲ့ ဓာတုပစ္စည်း တွေ ပါဝင်တဲ့ ဆံပင်ပုံသွင်းဆေးတွေ အသုံးပြုခြင်းတို့ကို အသုံးပြုလေ့ ရှိပါတယ်။ ဖြစ်တတ်တဲ့ သဘာဝတစ်ခုကတော့ ဆံပင်သွားဖြောင့်တဲ့ အမျိုးသမီးအများစုဟာလည်း ဆိုင်ကပုံသွင်းဆံသဆရာက ဘယ်ဆေးကို ဘယ်လိုအသုံးပြုမယ်ဆို တာ မသိရှိကြခြင်းပဲ ဖြစ်ပါတယ်။

ဆံသားပုံသွင်းပြုပြင်တဲ့ ဓာတုဆေးဝါးတွေနဲ့ ပထမဆုံးအကြိမ် ထိတွေ့မယ်ဆိုရင်တော့ သင့်ဦးရေပြားနဲ့ ဆံကေသာ အတွက် ဘယ်လိုဓာတ်မတည့်မှုမျိုးတွေနဲ့ ထိခိုက်ပျက်စီးမှုမျိုးတွေ ဖြစ်ပေါ်မယ်ဆိုတာ သိသိသာသာ မသိရှိနိုင်သေးပါ ဘူး။ ဆံပင်ဖြောင့်ပြီးနောက် နေပူထဲကို အကာအကွယ်မပါဘဲ မကြာခဏ သွားတဲ့အခါ နေရောင်ခြည်မှာ ပါဝင်တဲ့ ယူဗွီရောင်ခြည်တန်းတွေကြောင့် ဆံသားထိခိုက်မှုပမာဏ ပိုမိုမြင့်တက်လာတာကို တွေ့ရနိုင်ပါတယ်။ ဒါဟာ ဆံပင် ဖြောင့်ဆေးမှာ ပါဝင်တဲ့ ဓာတုဆေးဝါးတွေနဲ့ နေရောင်ခြည်ရဲ့ ဓာတ်ပြုမှုကြောင့်လည်း ဖြစ်ပေါ်လေ့ရှိတာကြောင့် ဆံပင်ဖြောင့်တဲ့အခါ ဆေးဘူးအညွှန်းမှာ ဖော်ပြထားတဲ့အတိုင်း အဆင့်တစ်ခုစီတိုင်းကို မှန်ကန်တိကျစွာ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

READ
သာမန်အိမ်ရှင်မ ဘ၀ကနေ ကိုရီးယားရဲ့ Fitness ဂုရုဖြစ်လာခဲ့တဲ့အသက်၅၀အရွယ်မိခင်

  • ဆံပင်ဖြောင့်ခြင်းရဲ့ အဖြစ်အများဆုံး ဆိုးကျိုးတစ်ခုကတော့ ဆံသားအလွန်ခြောက်သွေ့ခြင်းပဲ ဖြစ်ပါတယ်။ hair dryer အသုံးပြုပါက အခြေအနေကို ပိုလို့တောင် ဆိုးရွားစေနိုင်ပါတယ်။ ဆံသားရဲ့ မူလအစိုဓာတ်ကို ခမ်းခြောက် သွားစေပြီး အပြင်ထွက်လိုက်တဲ့အချိန်တိုင်း ခြောက်သွေ့ဖွာထွက်ကာ အလွန်ကြည့်ရဆိုးစေပါတယ်။
  • ဦးရေပြားနဲ့ ပတ်သက်တဲ့ ဓာတ်မတည့်မှုတွေနဲ့ အခြားသော တုံ့ပြန်မှုတွေဟာ ဆံပင်ဖြောင့်ခြင်းနဲ့ အများစု ပတ်သက်နေပါတယ်။ ဦးရေပြား ဓာတ်မတည့်မှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဆံပင်ဖြောင့်ဆေးတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ထိုဓာတ်မတည့်မှုမျိုးဟာ အများအားဖြင့် ဆံပင်ဖြောင့်ပြီးပြီးချင်းနဲ့ ဖြောင့်ပြီးနောက် ရက်အနည်းငယ်အကြာမှာ ဖြစ်လေ့ရှိပါတယ်။ ဆံပင်ဖြောင့်ခြင်းကြောင့် ဖြစ်နိုင်တဲ့ ဓာတ်မတည့်မှု တွေကတော့ ဦးရေပြားယားယံခြင်း၊ ဦးရေပြားနီရဲရောင်ကိုင်းကာ အင်ပြင်လို အကွက်များဖြစ်လာခြင်း၊ မျက်လုံးများ ယားယံလာခြင်းနဲ့ နီရဲရောင်ကိုင်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ ဘယ်လိုဓာတ်မတည့်မှု ဖြစ်စဉ်မျိုးမဆို တစ်ရက်ထက် ပိုပြီး ကြာရှည်နေခဲ့ရင် နီးစပ်ရာ ဆရာဝန်နဲ့ သွားရောက်ကုသမှု ခံယူသင့်ပါတယ်။
  • နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ ပျင်းစရာကောင်းစေတဲ့ ဆံပင်ပုံစံပဲ ဖြစ်ပါတယ်။ ဒါဟာ အသေဖြောင့်လိုက်တဲ့ အမျိုးသမီးတွေအတွက်ဆို ပိုမှန်ပါလိမ့်မယ်။ ကိုယ်ပြောင်းလဲချင်တဲ့ ဆံပင်ပုံသွင်းမှုမျိုးကိုလည်း တော်တော်နဲ့ လုပ်လို့ မရနိုင်ဖြစ်တတ်ပြီး ခွဲကြောင်းတောင် ပြင်ဖြီးလို့ မရအောင် အသားကျနေတဲ့ ဆံပင်ပုံစံတစ်ခုထဲနဲ့ပဲ လပေါင်းမြောက် များစွာ ရှေ့ဆက်ရတတ်ပါတယ်။ အထူးသဖြင့် ဒီနေ့ခေတ်လို အ၀တ်အစားဖက်ရှင်အလိုက် ဆံကေသာ ပုံသွင်း ပြုပြင်ယူကြတဲ့အချိန်မှာ ဆံပင်အသေဖြောင့်ထားမိလို့ ဘာမှလုပ်မရဘဲ အဖြောင့်ကြီးအတိုင်း ပျင်းရိစရာ နေနေရသူ တွေ ရှိတတ်ပါတယ်။
  • ဆံပင်ဖြောင့်ခြင်းနဲ့ ပတ်သက်လို့ ဆိုးရွားတဲ့ နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ အလွန်အမင်း ဆံပင်ကျွတ်ခြင်းပဲ ဖြစ်ပါတယ်။ ဆံပင်ဖြောင့်ထားတဲ့သူ တော်တော်များများဟာ ဒီပြဿနာနဲ့ ကြုံတွေ့ရလေ့ ရှိပါတယ်။ အရည်အသွေး နိမ့်ပြီး ပြင်းထန်တဲ့ ဓာတုဆေးဝါးတွေ ပါဝင်တဲ့ ဆံပင်ဖြောင့်ဆေးနဲ့ ဆံပင်ဖြောင့်စက်ကို နည်းစနစ်မှန်ကန်စွာ အသုံး မပြုတတ်ခြင်းတို့ကြောင့် ဆံသားတွေဟာ အရင်းပိုင်းကနေ အဖျားပိုင်းအထိ အလွယ်တကူ ကျိုးကြေပျက်ထွက်ကုန် တတ်ပါတယ်။ ရေရှည်မှာ ဆံသားတွေဟာ အားနည်းလာလေ့ရှိပြီး ဆံပင်တွေ တရစပ် ကျွတ်ထွက်တတ်ပါတယ်။
READ
ဝက်ခြံကင်းဝေးစေဖို့ အရေပြားဆရာဝန်တွေပြောတဲ့အကြံပြုချက်(၁၀)ခု

ဒါကတော့ ဆံပင်ဖြောင့်ခြင်းနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ ပျိုမေများအားလုံး ကျန်းမာလှပတဲ့ ဆံကေသာကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref: stylecraze

SHARE