ဒီအချက်တွေကြုံနေရပြီဆိုရင် သင့်မှာအရွယ်နဲ့မမျှတဲ့စိတ်ဖိစီးမှုတွေရှိနေတာသေချာနေပါပြီ

Doidam 10/Shutterstock

သင့်မှာ စိတ်ဖိစီးမှုတွေရှိနေကြောင်း ဘယ်လိုနည်းတွေနဲ့ သိနိုင်လဲ။ ရှင်းပါတယ်။ သင့်ရဲ့စိတ်ထဲမှာ မပျော်မရွှင်ဖြစ်နေပြီး သင့်မျက်နှာကလည်း အချိန်ပြည့် ပင်ပန်းနေတဲ့ရုပ်ကြီးပေါက်နေပြီဆိုရင် သင် စိတ်ဖိစီးနေပြီပေါ့။ တကယ်တော့ လူတစ်ယောက် စိတ်ဖိစီးလာရင် ခန္ဓာကိုယ်က အချက်ပေးလေ့ရှိပါတယ်။ အဲဒီလို အချက်ပေးပြီဆိုရင် နားပေတော့ပဲ။ မနားပဲနဲ့ ပေကပ်ပြီးဆက်လုပ်နေမယ်ဆိုရင် သင်ဟာ လုံးဝကို စိတ်ရောကိုယ်ပါ ဗုန်းဗုန်းလဲတော့မှာပါ။ ဒီတော့ သင့်ခန္ဓာကိုယ်မှာ ဒီအချက်တွေကို တွေ့ပြီဆိုရင် နားဖို့သာ ပြင်ပေတော့နော်…။

(၁)။ မကြာခဏခေါင်းကိုက်မယ်

ဖိအားတွေများလွန်းတဲ့အချိန်တွေဆို သင်အရင်ဆုံး ခံစားရမှာက ခေါင်းကိုက်လာမှာကိုပါ။ သင့်မှာ စိုးရိမ်စရာတွေရှိလာရင်၊ အရှုံးတွေနဲ့ရင်ဆိုင်နေရပြီလို့ ခံစားလာရရင်၊ မပြီးသေးတဲ့အလုပ်တွေ တစ်ပုံကြီးဖြစ်နေပြီဆိုရင် သင်အရင်ဆုံးခံစားရမှာပါ ခေါင်းကိုက်လာမှာပါပဲ။

Prostock-studio/Shutterstock
(၂)။ လည်ပင်းနာမယ်

လည်ပင်းနာတာနဲ့ လည်ချောင်းနာတာဟာ မတူပါဘူးနော်။ သင့်မှာ စိတ်ဖိစီးမှုတွေများလာတဲ့အခါ သင့်ရဲ့လည်ပင်းက ပုံမှန်မဟုတ်ပဲ နာလာမှာဖြစ်ပြီး သင် မကြာခဏဆိုသလို ယောင်ယမ်းပြီး လက်နဲ့ နှိပ်နေရတာမျိုး ဖြစ်လာမှာပါ။ ဒီလိုနာလာပြီဆိုရင် သေချာတယ်။ သင့်မှာ စိတ်ဖိစီးမှုတွေများနေပြီ။

READ
ဘယ်လောက်ပဲ ချွေးထွက်ထွက် တစ်နေကုန်ကြာရှည်ခံစေမယ့် မိတ်ကပ်လိမ်းခြယ်နည်း
(၃)။ ပုခုံးတွေတောင့်တင်းလာမယ်

သင့်ရဲ့ပုခုံးတွေဟာ တစ်ခုခုကို ထမ်းထားရလို့ တောင့်တင်းလာသလိုမျိုး ခံစားရလိမ့်မယ်။ တစ်ယောက်ယောက်က သင်လုပ်နိုင်တာထက် ပိုများတဲ့အလုပ်တွေ သင့်ဆီကို လွှဲပေးလိုက်တဲ့အခါ သင့်ရဲ့ပုခုံးတွေဟာ ပုံမှန်ထက်ပိုတောင့်တင်းသွားတာကို ခံစားရမှာဖြစ်ပြီး အဲဒီလို မကြာခဏ ဖြစ်နေရင်တော့ သင့်မှာ စိတ်ဖိစီးမှုတွေများနေပါပြီ။

G-Stock Studio/Shutterstock
(၄)။ နောက်ကျောတွေနာလာမယ်

နောက်ကျောနာလာတယ်ဆိုတာ ထိုင်နေရတဲ့အချိန်များတာကြောင့်မဟုတ်ပါဘူး။ သင့်ရဲ့နောက်ကျောဟာ ပုံမှန်နဲ့မတူပဲ တစ်ချက်တစ်ချက် စူးပြီး နာလာတတ်တာကို ပြောချင်တာပါ။ စိတ်ခံစားမှုများတဲ့အချိန်မျိုးမှာ အဲဒီလို နာတာကိုခံစားရမှာဖြစ်ပြီး ကျောရဲ့အပေါ်ဖက်ပိုင်းက နာနေတာကို စတင်ခံစားရမှာပါ။

Albina Glisic/Shutterstock
(၅)။ လက်တွေနာမယ်

သင့်လက်တွေဟာ ပုံမှန်မဟုတ်ပဲ ညောင်းလာတာ၊ နာလာတာတွေ ခံစားနေရပြီဆိုရင် သင်ဟာ အနားယူဖို့လိုနေပြီဆိုတာ သိလိုက်ပါတော့။ လက်ဟာ သင့်ရဲ့ဖိအားတွေအရမ်းကိုများလာတဲ့အချိန်မှာသာ နောက်ဆုံးဖော်ပြတဲ့နေရာလို့ သိရပြီး သင်အလုပ်တွေပြီးလို့ အိမ်ပြန်ရောက်တဲ့အချိန်မျိုးမှာ ခံစားရမယ့် ဝေဒနာမျိုးပါ။

READ
စိတ်ညစ်စရာတွေပေးမယ့်လူတွေရဲ့ အနားကနေ ဘယ်လိုရှောင်ရမလဲ
(၆)။ လွယ်လွယ်လေးအလျော့ပေးချင်နေမယ်

အရင်တုန်းကတော့ သင်ဟာ ခေါင်းမာပြီး အလျော့မပေးတတ်တဲ့သူတစ်ယောက် ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် စိတ်ဖိစီးမှုတွေများလာရင်တော့ ဘယ်လိုအရာကိုမဆို လွယ်လွယ်လေးနဲ့ အလျော့ပေးတတ်တဲ့သူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။ သူများတွေနဲ့ မငြင်းချင်တော့ဘူး၊ သင့်ကိုအနိုင်ယူချင်နေသူတွေကိုလည်း လွယ်လွယ်လေးအနိုင်ပေးလိုက်မိတယ်။ ဒီလို အချက်တွေလုပ်နေပြီဆိုရင်တော့ သင်ဟာ စိတ်ဖိစီးမှုတွေအောက်မှာရှိနေပါပြီ။

(၇)။ ၀မ်းနည်းလွယ်တယ်

တစ်ခုခုဆိုတာနဲ့ သင့်စိတ်ထဲမှာ ခံစားသွားရပြီး ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုတောင် မျက်ရည်ကျတာမျိုးဖြစ်လာပြီဆိုရင် သင့်ရဲ့စိတ်ဖိစီးမှုတွေ ဘယ်လောက်အထိရောက်နေပြီလဲဆိုတာ တွေးမကြည့်ရဲအောင်ပါပဲ။ သင်ဟာ ကမ္ဘာပေါ်မှာ ၀မ်းနည်းအလွယ်ဆုံးလူတစ်ယောက်လို့တောင် တခြားသူတွေ ထင်လာတဲ့အထိပြောင်းလဲသွားလိမ့်မယ်။ သင့်ရဲ့စိတ်ဖိစီးမှုတွေကြောင့်ပေါ့။

Linn

Source : upsocl.com

SHARE