လတ်တလောကာလမှာတော့ မြန်မာနိုင်ငံအတွင်း တုပ်ကွေးမျိုးစုံ အဖြစ်များနေပါတယ်။ မိုးရာသီမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ရာသီတုပ်ကွေး၊ ခြင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ဆင်တုပ်ကွေး၊ လေမှတစ်ဆင့် ကူးစက်တတ်တဲ့ ပြင်းထန်အဆုတ်ရောင် H1N1 တုပ်ကွေး စသဖြင့် လူတွေရဲ့ ကျန်းမာရေးကို အန္တရာယ် သက်ရောက်လျက် ရှိပါတယ်။
အောက်ပါအချက်တွေကတော့ လက်ရှိအဖြစ်များနေတဲ့ ကူးစက်နိုင်တဲ့ တုပ်ကွေးအမျိုးမျိုးရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

(၁) ချမ်းတုန်လာပြီး အဖျားတက်ခြင်း
(၂) ကြွက်သားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲခြင်း
(၃) နှာရည်ယို နှာစေးခြင်း
(၄) ချောင်းဆိုးခြင်း
(၅) လည်ချောင်းနာခြင်း
(၆) ခေါင်းကိုက်ခြင်း
(၇) မောပန်းနွမ်းနယ်ခြင်း တို့ ဖြစ်တတ်ပါတယ်။
ထိုလက္ခဏာတွေကို ကြုံနေရပြီဆိုရင်တော့ ဆေးရုံဆေးခန်း အမြန်သွားရောက်ကာ ဆေးကုသမှု ခံယူသင့်ပါတယ်။
ဒါပေမယ့် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းက ရောဂါဖြစ်မှ ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားလိုပဲ မဖြစ်ပွားခင် မိမိနဲ့ မိမိရဲ့ မိသားစုဝင်တွေကို တုပ်ကွေးဖြစ်ပွားမှု အန္တရာယ်မှ ကြိုတင်ကာကွယ်ထားဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေအတွက် တုပ်ကွေးအန္တရာယ် ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကိုလည်း ဝေမျှပေးချင်ပါသေးတယ်။

(၁) လက်ကို မကြာခဏဆေးပါ။ Alcohol-based လက်ဆေးဆပ်ပြာရည်မျိုးကို သုံးပေးရင် ပိုသင့်တော်ပါတယ်။
(၂) ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေအောင် နေဖို့ လိုပါတယ်။ ရေများများ သောက်ပေးပါ။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတို့ကို စားသုံးပေးပါ။

(၃) အိပ်ချိန်မှန်အောင် ကြိုးစားသင့်ပါတယ်။ စောစောအိပ် စောစောထပြီး တစ်နေ့ (၈) နာရီပြည့်အောင် အိပ်စက်ပေးသင့်ပါတယ်။
(၄) ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။

(၅) အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပေးသင့်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ကောင်းမွန်ပြီး ကျန်းမာနေဖို့ကိုတော့ အိုဗာတင်းက ကူညီပေးပါလိမ့်မယ်။ မုယောစပါးက ထုတ်ထားတဲ့ အိုဗာတင်း Malted Milk မှာ ခန္ဓာကိုယ်အတွက် အဓိကလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၃ မျိုးနဲ့ ပရိုတင်းဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး အိုဗာတင်းတစ်ခွက်မှာ နွားနို့ ၂ ခွက်စာ ကယ်ဆီယမ်ဓာတ် ပါဝင်တဲ့အတွက် မိုးတွင်းမှာ ခုခံအားကောင်းပြီး ကျန်းမာနေစေဖို့ နေ့စဉ်သောက်သင့်ပါတယ်။

စာဖတ်ပရိသတ်တွေအတွက် ကြိုတင်ကာကွယ် ကုသနိုင်ဖို့ တုပ်ကွေးလက္ခဏာတွေအကြောင်းနဲ့ တုပ်ကွေး ကာကွယ်ခြင်း နည်းလမ်းတွေကို ဖော်ပြပေးခဲ့ပါတယ်။ ကျန်းမာပျော်ရွှင်စွာနဲ့ မိုးရာသီကို ဖြတ်သန်းကြပါစို့နော်။
SPONSORED BY