ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအသောက်တွေစားမိမှန်း ဘယ်လိုသိနိုင်မလဲ …

Shutterstock/ Africa Studio

အစားအသောက်အမယ်တွေနဲ့ ဓာတ်မတည့်တာဟာ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာမိုနီကာမြို့ဆေးစင်တာတစ်ခုက မိသားစုဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဒေးဗစ်ကတ်တလာ ပြောပုံအရတော့ အစားအသောက်ဓာတ်မတည့်မှုတိုင်းဟာ အရမ်းကြီးတော့ စိုးရိမ်ဖွယ်မရှိပေမယ့် ဓာတ်မတည့်ကြောင်းပြသတဲ့ လက္ခဏာတွေကိုတော့ သေချာဂရုစိုက်စောင့်ကြည့်ဖို့လိုကြောင်း ပြောပြခဲ့ပါတယ်။

Shutterstock/ Africa Studio

အစားအသောက်ဓာတ်မတည့်တဲ့အခါ လည်ချောင်းယားတာ၊ လည်ချောင်းရောင်တာတွေ ဖြစ်နိုင်ပါတယ်။ အာခံတွင်းထဲမှာ ယားနေတာ၊ ဖူးယောင်နေတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ကိုယ်ခံအားစနစ်က ကိုယ်စားလိုက်တဲ့ အစားအသောက်ထဲမှာပါတဲ့ ပရိုတိန်းတွေကို တုံ့ပြန်တာကြောင့် ဖြစ်ပါတယ်။

Shutterstock/ Albina Glisic

ချောင်းဆိုးတာ၊ သလိပ်ပါလာတာ၊ ဒါမှမဟုတ် အသက်ရှူရခက်ခဲလာတာတွေကလည်း ဓာတ်မတည့်ကြောင်းပြတဲ့ လက္ခဏာတွေဖြစ်လို့ သတိပြုစောင့်ကြည့်ရမယ့် အရာတွေပါပဲ။ စားနေရင်း ရုတ်တရက်အသက်ရှူကြပ်လာတာကတော့ ဓာတ်မတည့်တာဟာ အရမ်းပြင်းထန်နေတယ်ဆိုတာကို ပြသနေပါတယ်။ အခန့်မသင့်ရင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်စေနိုင်တာမို့ ဒီလိုလက္ခဏာရပ်ကိုလည်း သတိပြုသင့်ပါတယ်။

READ
(၂၀၄၅) မှာကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံဟာ အ၀လွန်နိုင်ကြောင်း ပညာရှင်များခန့်မှန်း

အစားအသောက်အမယ်တစ်မျိုးမျိုးနဲ့ ဓာတ်မတည့်ဘူးဆိုရင် လူဟာ အရမ်းသိသာပါတယ်။ အဲဒီအစားအစာကို ပမာဏနည်းနည်းလေးဖြစ်ဖြစ် စားမိရုံနဲ့ ခန္ဓာကိုယ်က ထူးခြားတဲ့တုံ့ပြန်မှုမျိုးကို ခံစားရတဲ့အခါ ဒီအစာနဲ့ ကိုယ်နဲ့မတည့်ဘူးဆိုတာ သိနိုင်ပါတယ်။ ဒါမှမဟုတ်လည်း အစာကို မြိုချရတာ ခက်ခဲနေရင်၊ နာကျင်နေရင်၊ အစာက ဗိုက်ထဲမှာကပ်နေတယ်လို့ ခံစားမိရင်လည်း စားသောက်လိုက်တဲ့ အစာနဲ့ ဓာတ်မတည့်တာ ဖြစ်ပါတယ်။ ဒီလက္ခဏာကိုတော့ ကလေးငယ်တွေမှာ ပိုအတွေ့ရများပါတယ်။

Shutterstock/ Kleber Cordeiro

နောက်ထပ်သိသာထင်ရှားတဲ့ လက္ခဏာတစ်ခုကတော့ ကိုယ့်အစာအိမ်က လက်မခံတဲ့အတွက် မူးဝေတာ၊ အော့အန်တာမျိုး ဖြစ်ပါတယ်။ အစားအသောက်ဓာတ်မတည့်တာဆိုတာကလည်း ထူးတော့ထူးခြားပါတယ်။ တစ်ချိန်တုန်းက ဒီအစားအသောက်အမယ်ကို စားပြီး ဘာမှမဖြစ်ခဲ့ပေမယ့်လည်း နောင်တစ်ချိန်မှာ ဖြစ်ကောင်းဖြစ်နေနိုင်တာမျိုးပါ။ အချို့လူတွေဆိုရင် ၄င်းတို့ရဲ့ ကိုယ်ခံအားစနစ်က ဓာတ်မတည့်တာကို နည်းနည်းမှ လက်မခံနိုင်တာကြောင့် အသက်အန္တရာယ်ဆုံးပါးတဲ့အထိဖြစ်ရတဲ့ ဖြစ်ရပ်တွေရှိကြောင်းလည်း သိရပါတယ်။ ဒါကြောင့် မိမိ သို့မဟုတ် မိမိနဲ့ နီးစပ်ရာမိသားစု မိတ်ဆွေတွေထဲက ဒီလိုအစားအသောက်နဲ့ ပတ်သက်ပြီး ဓာတ်မတည့်မှုလက္ခဏာတွေကို တွေ့ရပြီဆိုရင်တော့ နားလည်တတ်ကျွမ်းသူဆရာသမားထံကို အမြန်ဆုံးသွားရောက်ကုသမှုခံယူဖို့ တိုက်တွန်းလိုက်ပါရစေ။

READ
လျစ်လျူမရှုထားသင့်တဲ့ လေဖြတ်ခြင်းရဲ့ ရှေ့ပြေး လက္ခဏာများ

လင်းလင်း (ShweMom)

SHARE