မိန်းကလေးတစ်ယောက်ကိုစိတ်ဝင်စားပြီဆို ယောက်ျားလေးတွေပြုလုပ်လေ့ရှိတဲ့အရာ(၈)ခု

ယောက်ျားလေးတွေဟာ သူတို့ စိတ်ဝင်စားတဲ့ မိန်းကလေးရှိလာရင် ဒီအတိုင်း လှုပ်ရှားမှုတွေ မလုပ်ပဲ ငြိမ်နေတာမျိုး မရှိပါဘူး။
ရှိရင်လည်း အုံ့ပုန်းချစ်-သမားလေးတွေပဲ ရှိမှာပါ။ ဒီတော့ ကောင်မလေးတွေအနေနဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ အမူအယာ
ကို ကြည့်ပြီး သင့်ကို စိတ်ဝင်စားမှု ရှိမရှိ အကဲခပ်နိုင်ပါတယ်။

1. တ၀ဲလည်လည်။

ရွှေစွန်ညို ဘာကို လိုလို့ဝဲပါတယ် … ဆိုသလိုပဲ သင့်ကို အမျိုးသားတစ်ယောက်က နှစ်သက်ပြီဆိုရင် အဲဒီကောင်လေးဟာ သင်ရှိ
ရာကို အကြောင်းပြချက်ရှိသည်ဖြစ်စေ အကြောင်းပြချက် မရှိသည်ဖြစ်စေ သင့်ဆီကို တ၀ဲလည်လည် ဖြစ်နေပြီဆိုရင် အင်း သူ
စပြီး စိတ်ဝင်စားနေတယ်ဆိုတာ ရိပ်မိသိရှိပါစေ။

2. ချဉ်းကပ်မှု။

နောက်ပိုင်းမှာတော့ သင်နဲ့ နီးစပ်အောင် သူ စပြီး ဇာတ်လမ်း ဖန်ပါလိ့မ်မယ်။ သင်နဲ့ စကားပြောဖြစ်အောင် ကြိုးစားမယ်၊ ရင်းနီးမှု
တွေ ရအောင် လုပ်မယ်၊ လက်ဆောင်တွေ ပေးမယ်- စတဲ့ ချဉ်းကပ်မှုတွေ မလွဲမသွေ လုပ်လာရင်ခဲ့လည်း သင် သဘောပေါက်ပါ
စေ။

3. ပတ်သက်မှု။

အဲဒီနောက် မကြာခင်မှာပဲ သင်နဲ့ နီးစပ်တဲ့ ကိစ္စရပ်တွေကို သူ ပါဝင်ပတ်သက်လာမယ်၊ သင့် ပြဿနာတွေကို စတင်ပြီး ဖြေရှင်းလာ
မယ်၊ သင့်ကို အရာရာအတွက် ဂရုစိုက်လာမယ်။ ဒီလိုအချိန်မျိုးမှာ သဘောမပေါက်ရင်တော့ သင် တော်တော်လေး အတွေ့အကြုံနု
နယ်သေးတာပဲလို့ ဆိုရမှာပဲ။

READ
ဒီ စိုးရိမ်ပူပန်မှု(၅)မျိုးက ချစ်သူနှစ်ယောက်ကို ဝေးသွားစေနိုင်သတဲ့

4. စိတ်မ၀င်စားချင်ယောင်ဆောင်မယ်။

တစ်ခါတလေ သူ့ သိက္ခာကို ဆယ်တဲ့အနေနဲ့ သူက သင့်ကို စိတ်မ၀င်စားချင်ယောင်ဆောင်တာမျိုး သင့်ရဲ့ အကဲဖြတ်မှုစွမ်းရည်
ကို စမ်းသပ်တာမျိုး၊ သင့်ရဲ့ စိတ်ကို လှည့်စားချင်တာမျိုးအတွက် သူက စိတ်မ၀င်စားချင်ယောင်ဆောင်တတ်ပါတယ်။

5. သင့်ကို နောက်ယောင်ခံလိုက်တာမျိုး လုပ်မယ်။

ဒါကတော့ သင့်ကို သူက စိတ်ဝင်စားနေတယ်ဆိုတာ သိစေချင်လို့ သက်သက် ဇာတ်လမ်းထွင်တာလို့ ပြောလို့ရပါတယ်။ တစ်ချို့
ကောင်မလေးတွေက ဒီလို အခြေအနေရောက်မှ ရိပ်မိတတ်ကြတာလေ။ ဒီလို လုပ်ရပ်လုပ်လာပြီး နောက်ပိုင်းမှာ သင့်ကို သူ ဖွင့်
ပြောတော့မယ်ဆိုတာ သိထားပါ။

6. မျက်လုံးချင်းဆုံအောင် ကြိုးစားမယ်။

ဒါကတော့ သင့်မျက်လုံးကနေ တစ်ဆင့် သင့်စိတ်ကို ဖတ်ချင်လို့ eye contact နည်းကို သုံးတာပါ။ ဟုတ်လည်း ဟုတ်ပါတယ်။
လူတွေရဲ့ မျက်လုံးထဲမှာ သူတို့ ခံစားချက်တွေ ပါပါတယ်။ ဒါကို သူက အမိအရ အသုံးချပြီး သင့်စိတ်ထဲမှာ သူ ရှိမရှိ စမ်းသပ်မယ်၊
သေချာမှ သူက ဖွင့်ပြောမှာ။ ဒီလိုအပြုအမူမျိုးကို အတော်ဉာဏ်ကောင်းတဲ့ အမျိုးသားတွေက ပြုမူပါတယ်။ တစ်ချို့ကတော့
ကိုယ့် စိတ်ဝင်စားမှန်း မသိ၊ ရမ်းပြီး ချစ်တယ် ဖွင့်ပြောကော၊ အဲဒီမှာ ဆန်ပြုတ်သောက်ရတဲ့ သူတွေ မနည်းဘူး။

READ
သင့်ချစ်သူဟာ ဒီလိုယောက်ျားမျိုးဆိုရင် လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါ။

7. သင့်ကို အမှတ်တရရှိကြောင်း သတိတရရှိကြောင်းပြောမယ်။

မနေ့ညက ကိုးရီးယားဇာတ်ကားထဲမှာ မင်းသမီးက မင်းသားကို အာဘွားပေးတဲ့အခန်းလေ … အဲဒါ နင်နဲ့ သိပ်တူတော့ နင့်ကို
ငါ သတိတွေ ရနေတာ … ဟော ဟို တစ်နေ့ညတုန်းကတော့ မီးပျက်နေတုန်း … ဆိုက္ကားဂိတ်က ဆူညံဆူညံကြားရော … လ
ကလည်း သာတယ်မဟုတ်လား .. အဲဒါနဲ့ နင့်ကို ငါ သတိရတယ် … ဆိုပြီး မဆီမဆိုင် ပြောချတာမျိုးလည်း ရှိတတ်ပါတယ်။

8. ဖုန်းအဆက်အသွယ်

ညတိုင်း ဖုန်းအဆက်အသွယ်လုပ်မယ်၊ ဆိုရှယ်မီဒီယာတွေကနေ သင့်ကို တစ်သီးတစ်သန့် ဆက်သွယ်မယ်၊ စကားပြောမယ်၊
ညလုံးပေါက်စကားပြောချင်တဲ့ အရိပ်အယောင်မျိုး၊ သင်က အိပ်တော့မယ်ပြောတိုင်း စိတ်ထဲမှာ လွမ်းသလိုလို ဘာလိုလို အမူ
အယာ ပြတာမျိုးတွေလုပ်လာခြင်းရဲ့ နောက်ပိုင်းမှာ သူ သင့်ကို စပြီး Date တော့မယ်ဆိုတာ သေချာပါတယ်။

 

နတ်စည်တော်

Shwemom

Source: lovepan

SHARE