သာယာတဲ့ အိမ်ထောင်ရေးရဲ့ သဘောလက္ခဏာရပ်များ

အိမ်ထောင်ဘက်ပဲဖြစ်ဖြစ်၊ ချစ်သူဘ၀မှာပဲ ဖြစ်ဖြစ်၊ ရင်းနီးတဲ့ သူငယ်ချင်း ဆက်ဆံရေးမှာပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်
ယောက် နားလည်မှုရှိဖို့က အလွန်အရေးကြီးပါတယ်။ နားလည်မှုလွဲလိုက်တာနဲ့ ကျန်တဲ့ ဆက်ဆံရေးဆိုင်ရာ ကောင်း
ကွက်တွေ ပျောက်ကုန်ပါတော့တယ်။ ဒီတော့ အိမ်ထောင်ရေးလောကမှာ အိမ်ထောင်ဘက်က အောက်ပါအချက်တွေနဲ့ ကိုက်ညီနေသေးရင် အလွန်ကောင်းမွန်တဲ့ သာယာတဲ့အိမ်ထောင်ရေးလို့ ဆိုရမှာပါ။

(၁) လေးလေးစားစား ဆက်ဆံတယ်

တစ်ယောက်ကို လေးစားဖို့အတွက် လေးစားလောက်တဲ့ စိတ်ပိုင်းဆိုင်ရာ အကျင့်သိက္ခာနဲ့၊ ကိုယ်ပိုင်းဆိုင်ရာ အိနြေ္ဒတွေ ကလည်း အရေးကြီးပါတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစား ရှိနေတဲ့အချိန်ဟာ တစ်ယောက်ကို
တစ်ယောက် နားလည်နေတဲ့ သဘောသက်ရောက်ပါတယ်။ အိမ်ထောင်ဘက် အချင်းချင်း ဒီအတိုင်းဆက်ဆံရင် ဂုဏ်ယူရမှာပါ။

(၂) အားပေးထောက်ခံတယ်

အိမ်ထောင်သည်ဘ၀နဲ့ ချစ်သူဘ၀မှာ ဘယ်လိုလောကဓံပဲကြုံကြုံ နှစ်ဦးညီတူ ကြံ့ကြံ့ခံရင်း ရင်ဆိုင်ဖြတ်ကျော်ရပါတယ်။ တစ်ယောက်က ကောင်းတာလုပ်သမျှကို တစ်ယောက်က အပြည့်အ၀ ထောက်ခံပြီး၊ ဆိုးတာလုပ်ရင်လည်း လမ်း
ကြောင်းမှန်အောင် တည့်မက်ပေးရမှာပါ။ သင့်အိမ်ထောင်ရေးဟာ ဒီအတိုင်း ပြုမူနေသေးရင် အိမ်ထောင်ရေး သာယာ တဲ့ သဘောပါဘဲ။

READ
ချစ်သူ”ကိုကို” သင့်ကို ပိုချစ်လာအောင် … ဒါလေးတွေ လုပ်ပေးပါ။

(၃) ကြင်ကြင်နာနာဆက်ဆံတယ်

ချစ်သူတွေဘ၀မှာ အကြင်နာတရားဆိုတာ ရှားပါးလို့ ရစကောင်းမဟုတ်ပါဘူး။ အိမ်ထောင်သည် ဘ၀မှာ အကြင်နာတ ရားဟာ အချိန်နဲ့အမျှ လိုအပ်ပါတယ်။ အကြင်နာတရားဟာ အိမ်ထောင်ရေး အချစ်ရေးကို ထိန်းညှိပေးတဲ့ ချိန်ခွင်လျှာနဲ့ တူပါတယ်။ သင့်အိမ်ထောင်ဘက်က သင့်ကို ကြင်ကြင်နာနာ ဆက်ဆံနေသမျှ သူ့ခံစားချက်နဲ့ သင့်ခံစားချက်က တစ်ထပ်တည်းလို့ ပြတဲ့သဘောသက်ရောက်ပါတယ်။

(၄) အကာအကွယ်ပေးတယ်

ဘယ်သူပဲဖြစ်ဖြစ် ကိုယ်တစ်ကယ် ချစ်တဲ့သူကို ဘေးအန္တရာယ်တွေ၊ လောကဓံအလှည့်တရားတွေရဲ့ သက်ရောက်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးလေ့ရှိကြပါတယ်။ အိမ်ထောင်သည်တွေ ချစ်သူတွေရဲ့ ဘ၀မှာ လည်း ဒီအစဉ်အလာကို ဆက်လက်စောင့်ထိန်းနေသမျှ သာယာတဲ့ချစ်ခရီးကို လျှောက်လှမ်းနေရတယ် မှတ်ပါ။

(၅) တိုင်ပင်နှီးနောနေဆဲ

အိမ်ထောင်သည်တွေဟာ တစ်ယောက်တစ်ပေါက် လုပ်ချင်တာ လျှောက်လုပ်နေလို့ မရပါဘူး။ လုပ်ဆောင်မှု မှန်သမျှဟာ ဒီအိမ်ထောင်ရေးကိုပဲ ကိုယ်စားပြုသင့်ပြီး၊ အစစအရာရာ ကောင်းတိုင်ပင် ဆိုးတိုင်ပင် ရှိနေရမှာ ဖြစ်ပါ တယ်။ သင်တို့အိမ်ထောင်ရေးကလည်း ဒီအချက်နဲ့ ကိုက်ညီတယ်ဆိုရင် အကောင်းဘက်ကိုပဲ ဦးတည်နေတယ် မှတ်ပါ။

READ
ဘယ်တော့မှ လက်လွှတ်မခံသင့်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းများ

(၆) စကားတွေကို ဆုံးအောင်နားထောင်တယ်

တစ်ယောက်ရဲ့ ပြောလိုတဲ့စကား ဆိုလိုတဲ့အဓိပ္ပါယ်ကို သဘောပေါက်အောင် ပြီးမြောက်တဲ့ နားထောင်မှုမျိုး ရှိခြင်းဟာ မိတ်ဆွေဆက်ဆံရေးပဲဖြစ်ဖြစ်၊ ချစ်သူ သမီးရည်းစားဆက်ဆံရေးမှာပဲဖြစ်ဖြစ် အရေးကြီးပါတယ်။ အိမ်ထောင်သည်ဘ၀ မှာ ပိုလို့ အရေးကြီးပြီး၊ ဒီအတိုင်းဆက်လက် ကျင့်သုံးနေသမျှ အိမ်ထောင်ရေး မပြိုကွဲနိုင်ပါဘူး။

(၇) အတ္တမကြီးဘူး

နှစ်ယောက်အတူတူ ရှိနေတဲ့အချိန်တိုင်း အတ္တကတော့ ကင်းဖို့လိုပါတယ်။ သူ့ကိုတော့ ချုပ်ခြယ်မယ်၊ ငါ့ကတော့ လုပ်ချင်ရာ လုပ်မယ်ဆိုပြီး စိတ်မှန်းလို့ မရပါဘူး။ အတ္တကတော့ လူတိုင်းရှိကြပေမယ့် အိမ်ထောင်ရေးမှာတော့ အတ္တကို ဦးစားပေးမိတာနဲ့အမျှ ဝေးရာကို ဦးတည်ပါတယ်။ ဒီတော့ အတ္တကင်းနေသမျှ ကာလပတ်လုံး အဆင်ပြေနေတယ်လို့ ဆိုရမှာပါ။

ညီလင်းထက် (Shwemom)

source : herinterest.com

SHARE