ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လမ်းမခွဲပဲဆက်ချစ်နေကြတဲ့ သံမဏိစုံတွဲများရဲ့လက္ခဏာများ

shutterstock/By Trendsetter Images

တကယ်တော့ ခိုင်မြဲတဲ့အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ သည်းခံမှုတွေ၊ ပေးဆပ်မှုတွေ၊ နားလည်မှုတွေ အများကြီးထားရတာပါ။ လွယ်ကူတဲံအရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်ခိုင်မြဲသွားပြီဆိုရင်လည်း ဘယ်လိုမှကို ဖြတ်လို့တောင် မ၇တော့တာမျိုးပါ။ ဒါကြောင့် အခုဖော်ပြပေးမယ့် အရာလေးတွေနဲ့ ကိုက်နေရင်တော့ သင်တို့အတွဲဟာ ခိုင်မြဲပြီး စံနမူနာယူထိုက်တဲ့ စုံတွဲဖြစ်နေလို့ပါပဲ။

(၁) မျက်လုံးနဲ့စကားပြောတယ်

shutterstock/By AlessandroBiascioli

တစ်ခါတလေ တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင်စရာမလိုပဲ အတိုင်အဖောက်တွေ အရမ်းညီနေတတ်ပါတယ်။ တစ်ယောက် အကြောင်းတစ်ယောက် ကောင်းကောင်းသိနေတာကြောင့် တော်ရုံကိစ္စတွေဆို မျက်လုံးနဲ့ပဲစကားပြောပြီး ပွဲလှအောင် ထိန်းသွားနိုင်ကြပါတယ်။ သူငယ်ချင်းတွေကို ဆေးထိုးတာတို့၊ ပေါက်တတ်ကရလုပ်ဖို့ဆို သူတို့ရဲ့ ပါရမီလား အောက်မေ့ရလောက်တဲ့ အထိကို အတိုင်အဖောက်ညီကြတာပါ။

(၂) စိတ်ချင်းဆက်သွယ်နေတယ်

တစ်ယောက်က ဖုန်းဆက်မလို့ကောက်ကိုင်လိုက်တဲ့အချိန် ကျန်တစ်ယောက်ဆီက ဖုန်းဝင်လာတာမျိုးပါ။ ဖြစ်ဖူးကြမယ်ထင်တယ်။ ဒါဟာ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စိတ်ချင်းဆက်သွယ်မှုရှိနေတဲ့ အတွက်ကြောင့်ဖြစ်တယ်။ တစ်ခါတလေ အဆက်အသွယ်လည်းမလုပ်ပေမယ့် တစ်ယောက်က ဝမ်းနည်းနေတဲ့အချိန်မှာ ကျန်တစ်ယောက်ကလည်း အလိုလို စိတ်မကောင်းတွေ ဖြစ်နေတတ်ပါတယ်။

READ
လူတစ်ယောက်ကို ပေါင်(၃၀၀)ခန့်နဲ့ လေလံတင်ရောင်းချနေတဲ့ လစ်ဖျားကကျွန်ဈေးကွက်

(၃) အကြာကြီးစိတ်မကောက်တော့ဘူး

ညဖက်မှာ ဝုန်းဒိုင်းကျဲ ရန်ဖြစ်ထားရင်တောင် မနက်ကျရင် သူ့အလိုလို စိတ်ပြေနေတာမျိုးပါ။ အဓိကကတော့ အကြာကြီး စိတ်ကောက်တာကလည်း အချိန်ဖြုန်းတာ သက်သက်ဖြစ်တယ်ဆိုတာကို လွန်ခဲ့သော အချိန်တွေကနေတစ်ဆင့် သင်ခန်းစာရပြီးသားဖြစ်နေလို့ပါ။ ဒါကြောင့် ခိုင်မြဲတဲ့ စုံတွဲတွေက ပြသနာကို အချိန်တိုတိုနဲ့ ဒဲ့ပဲဖြေရှင်းတတ်ကြပါတယ်။

(၄) အကြိုက်ချင်းမတူလည်းပြသနာမရှိဘူး

တစ်ယောက်ကို တစ်ယောက် လွတ်လပ်ခွင့်ပေးပြီးသားဖြစ်ပါတယ်။ မကောင်းတဲ့ အရာတွေကလွဲရင် သူ့ရဲ့ ခံယူချက်နဲ့ ပတ်သက်လို့ ဘာပြသနာမှ မရှိတော့ပါဘူး။ အဝတ်အစား၊ အစားအသောက်၊ အနေအထိုင် စတာတွေက သင်တို့အတွက် ဘာမှကို အရေးမကြီးတော့တာပါ။ သင်တို့မှာ မတူညီတဲ့ပန်းတိုင်တွေရှိနေပြီ အဲဒီ့ပန်းတိုင်တွေကို ရောက်ရှိနိုင်ဖို့ တစ်ယောက်ကို တစ်ယောက် အားပေးတတ်ကြတာမျိုးပါ။

(၅) အတိတ်ဟောင်းတွေပြန်မဆွဘူး

shutterstock/By Ollyy

လူတစ်ယောက်မှာ မကောင်းတဲ့ အတိတ်တွေရှိနေတတ်ပါတယ်။ ဒါဟာ ကံတရားကြောင့်လည်း ဖြစ်နိုင်သလို သင်တို့ရဲ့ အမှားတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒီ့အမှားတွေကို ပြန်ဆွမနေတော့ပဲ အနာဂတ်နဲ့ ပစ္စုပ္ပန်ကိုပဲ ကြည့်နေတတ်ပြီ ဆိုရင်တော့ သင်တို့ဟာ တကယ်ကို အားကျစရာကောင်းတဲ့ စုံတွဲပါ။

READ
ရွှေပြားခင်းထားတဲ့ ရေကူးကန်နဲ့ မြေအောက် Spa တွေပါဝင်တဲ့ ပူတင်ရဲ့ စံနန်းတော်အသစ်

Em Em (shwemom)

SHARE