သင့်ကိုတကယ်ချစ်မိတဲ့ ကောင်မလေးရဲ့ အပြုအမူများ

လူတစ်ယောက် ကိုယ့်ကိုတစ်ကယ်ချစ်မချစ်ကို ကိုယ်တိုင်ကလည်း လေ့လာတတ်ဖို့ လိုပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့ အားနည်းချက် အားသာချက်တွေကို ကောင်းကောင်း သုံးသပ်ပြီး ပြင်ဆင်စရာရှိတာကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ အခု Shwemom ရဲ့ အမျိုးသားပရိသတ်ကြီးအတွက် ကိုယ့်အပေါ်မှာ ကောင်မလေးတစ်ယောက်က တစ်ကယ်ချစ်ပြီဆိုရင် လုပ်တတ်တဲ့ အပြုအမူလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သင့်အကြောင်းကို အကုန်သိချင်တယ်

တကယ်ချစ်တဲ့ကောင်မလေးဟာ သူချစ်မိနေတဲ့လူတစ်ယောက်ရဲ့ အကြောင်းကို အူမကအစ ချေးခါးအထိ သိချင်ပါတယ်။ နောက် ချစ်သူနဲ့ ပတ်သက်ဆက်နွယ်တဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေ အကြောင်းကိုလည်း ရတန်သလောက် သိချင်ပါတယ်။ ချစ်သူရဲ့ ငယ်ဘ၀ကနေ ယခုလက်ရှိဘ၀အထိ ဘယ်လို ဖြတ်သန်းခဲ့ရသလဲဆိုတာကိုလည်း စိတ်ဝင်စားပါတယ်။

(၂) ဘယ်သွားသွား ခေါ်ရင်လိုက်ပြီးသား

ဘယ်သွားသွား သူ့ကိုခေါ်လို့ကတော့ လိုက်ဖို့ အဆင်သင့်ပါဘဲ။ ဒါဟာ သူချစ်တဲ့သူကို ယုံကြည်လွန်းလို့ တက်ကြွနေတဲ့ သဘောပါ။ ခရီးမိုင်တစ်သောင်းလည်း သူက မမှုပါဘူး။ သမုဒ္ဒရာခြားတဲ့ ခရီးလည်း လိုက်မှာပဲ ဆိုတဲ့အထဲက ဖြစ်ပါတယ်။ သူကတော့ ပူဆာချင်မှ ပူဆာမှာပေါ့။ ဒါပေမယ့် ခေါ်လို့ကတော့ နှစ်ခါပြောစရာမလိုပါဘူး။

READ
မိန်းကလေးများနှစ်သက်လေ့ရှိတဲ့ ယောင်္ကျားလေး အမျိုးအစား (၅)မျိုး

(၃) နောက်ကြောင်းကိုလည်း အမြဲစုံစမ်းနေတယ်

ချစ်သူရဲ့နောက်ကြောင်းကို အမြဲတမ်း စုံစမ်းလေ့ရှိပါတယ်။ ဒါက မယုံသင်္ကာဖြစ်လို့ စုံစမ်းတာမျိုးနဲ့ မတူပါဘူး။ လုံးစေ့ပတ်စေ သိချင်နေတဲ့ သဘောလောက်သာပါ။ တစ်စုံတစ်ယောက်က ချစ်သူအကြောင်းပြောရင် မရကုတ်က နားထောင်တတ်ပါတယ်။

(၄) စွန့်လွှတ်ဖို့အကြောင်းဖန်လာရင်လည်း စွန့်လွှတ်ရဲတယ်

အခြေအနေအချိန်အခါအရ စွန့်လွှတ်ဖို့အကြောင်းဖန်လာရင်လည်း ချစ်သူသာ အဆင်ပြေမယ်ဆိုရင် သူ စွန့်လွှတ်ရတာ တန်ပါတယ်ဆိုတဲ့ အစားထဲက ဖြစ်ပါတယ်။ ဘာကိုမှ ချစ်သူဆီက မမျှော်လင့်ရဲပေမယ့် ဘာမဆို ပေးဆပ်ဖို့အတွက် အဆင်ပြေပြီးသား ဖြစ်ပါတယ်။

(၅) စိတ်ချမ်းသာတာကိုပဲ မြင်ချင်နေတယ်

ချစ်သူစိတ်ချမ်းသာဖို့အတွက်ဆိုရင် အရာရာ သူတတ်နိုင်တဲ့ဘက်က စွမ်းဆောင်ပေးပါတယ်။ ငွေရေးကြေးရေး၊ လူမှုရေး ဘာကိုမှ လှည့်ကြည့်စရာမလိုအောင် ထောင့်စုံဖြည့်ဆည်းပေးတတ်ပါတယ်။ ဘ၀တစ်ခုလုံးကိုတောင် ပုံအပ်ပြီးသားပဲလေ။ တစ်ခြားအရာတွေဆိုတာ သူ့အတွက်တော့ ပမွှားလေးတွေပေါ့။

READ
သင့်ကောင်မလေးကို ဘယ်တော့မှမပြောသင့်တဲ့စကား(၅)ခွန်း

နတ်စည်တော် (Shwemom)

sm

SHARE