စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ရင့်ကျက်သူများ၏ လက္ခဏာ (၅)ခု

လူတစ်ယောက်ရဲ့ ရင့်ကျက်တည်ငြိမ်ခြင်းဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံ၊ ကြီးပြင်းလာတဲ့ အသိုင်းအဝိုင်းတွေနဲ့လည်း အများကြီး သက်ဆိုင်နေပါတယ်။ အခုဖော်ပြပေးမယ့်အရာလေးကတော့ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ရင့်ကျက်သူတွေမှာ မြင်တွေ့ရတဲ့ လက္ခဏာ တွေပဲဖြစ်ပါတယ်။

(၁) နည်းနည်းပြောပြီးများများနားထောင်တယ်

ရင့်ကျက်တဲ့သူတစ်ယောက်ဟာ စကားတွေအများကြီး မပြောပါဘူး။ စကားပြောရတာထက် နားထောင်ရတာကို ပိုကြိုက်သွားလို့ပါ။ သူဟာ ဘယ်တော့မှလည်း အငြင်းအခုံလုပ်မယ့် သူမျိုးမဟုတ်ပါဘူး။ သူများတွေ စကားပြောနေတဲ့ အချိန်တွေကျရင်လည်း သူကတော့ နားထောင်သူသာလုပ်ပြီး သူတို့ပြောတဲ့စကားတွေ ကနေတစ်ဆင့် လူတွေရဲ့ စိတ်ကို ကဲခတ်နေတတ်ပါတယ်။

(၂) တာဝန်ယူဖို့ဘယ်တော့မှရှက်မနေဘူး

သင်ဟာ အမှားတစ်ခုခုကို လုပ်မိတယ်။ ဒါပေမယ့် အဲ့ဒီ့အမှားကို ဘယ်တော့မှ မဖုံးကွယ်သလို၊ အမှားကိုလည်း အမြဲတမ်း ဝန်ခံတတ်တဲ့သူတစ်ယောက်ဖြစ်တယ်။ဒါ့အပြင် အဲဒီ့အမှားရဲ့ နောက်ဆက်တွဲ ပြသနာတွေကိုလည်း တာဝန်ယူတတ်တဲ့သူဖြစ်တယ်။ အဲလိုတာဝန်ယူလိုက်ရတာတွေ၊ အမှားဝန်ခံလိုက်ရတာတွေကို ရှက်စရာလို့ ဘယ်တော့မှ သင်မမြင်ပါဘူး။ ဒါဆိုရင် သင်ဟာ တကယ့်ကို တည်ငြိမ်ရင့်ကျက်တဲ့သူဖြစ်ပါတယ်။

READ
သားသတ်လွတ်စားတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ

(၃) မျှော်လင့်ချက်အများကြီးမထားတော့ဘူး

ရင့်ကျက်လာတာနဲ့အမျှ လောကအရာတွေအပေါ်မှာ မျှော်လင့်ချက်တွေ အရမ်းမထားတော့ဘူး။ ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ အကြီးအကျယ် နာကျင်ခဲ့ဖူးပြီးပြီမို့လို့၊ ဘယ်အရာကိုမှ ပုံသေတွက်ချက်မနေတော့ပဲ အကောင်းဆုံးလုပ်ပြီး အဆိုးဆံးကိုပါ တစ်ခါတည်း မျှော်လင့်ထားတတ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ဟာ သောကတွေ၊ အပူအပင်တွေသိပ်မရှိသူလို့ အများအမြင်မှာ ထင်ရတတ်ပါတယ်။

(၄) ကလေးတွေနဲ့ အသက်ကြီးသူတွေကိုပိုချစ်တတ်လာမယ်

တော်တော်များများက သူငယ်ချင်းတွေနဲက လျှောက်လည်တာ၊ အချိန်ဖြုန်းရတာကိုပဲ ကြိုက်တတ်ကြပါတယ်။ ဒါပေမယ့် ရင့်ကျက်တဲ့သူတွေကတော့ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေရဲ့အနားမှာ နေရတာကို ပိုကြိုက်ကြပါတယ်။ ကလေးတွေရဲ့ ဖြူစင်မှု၊ အပြစ်ကင်းစင်မှုတွေကို တွေ့မြင်နေရင် စိတ်ချမ်းသာနေတတ်ပြီး အသက်ကြီးသူတွေနှင့် အသိဖလှယ်ရတာကို ခုံမင်တတ်ကြပါတယ်။

(၅) ကိုယ့်ကိုယ်ကိုရောသူများကိုပါဂရုစိုက်တတ်လာမယ်

သင်ဟာ တစ်ကိုယ်ကောင်း မဆန်တော့ပါဘူး။ အရာရာတိုင်းကို သူ့ဘက်ကိုယ့်ဘက်ကြည့်တတ်သွားပြီ။ သူတစ်ပါးရဲ့ ခံစားချက်တွေကိုလည်း အလေးထားတယ်၊ ဂရုစိုက်တယ်။ သင့်ကြောင့်သူတစ်ပါးကို မထိခိုက်စေချင်ဘူး။ ဒီလိုပဲ သင့်ကိုသင်လည်း ဂရုစိုက်တယ်၊ အားပေးတယ်၊ ချစ်တယ် ဆိုရင်တော့ သင်ဟာ တကယ့်ကို တည်ငြိမ်ရင့်ကျက်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

READ
နေချင်စဖွယ်ကောင်းအောင် ဆောက်လုပ်ထားတဲ့ ကမ္ဘာအနှံ့က မြေအောက်အိမ်လေးများ

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE