သင့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေပြီဆိုတာ ထင်ရှားစေတဲ့ လက္ခဏာများ

Pexels/Bruce Mars

ခန္ဓာကိုယ်ထဲက ကိုယ်တွင်းကလီစာတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့မှာ ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေတဲ့အခါ တက်ခြင်း၊ ဦးနှောက်ပျက်စီးခြင်းနဲ့ သေဆုံးတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်မှုရှိ မရှိဆိုတာကို အောက်မှာဖော်ပြထားတဲ့ အချက်တွေနဲ့ သိနိုင်ပါတယ်။

ဆီးဝါကျင်ကျင်ဖြစ်ခြင်း

လူဟာ ရေဓာတ်ပြည့်ဝနေတဲ့အခါ ဆီးအရောင်ဟာ ရေလို ဖြစ်နေပါတယ်။ ဒါပေမယ့် ရေဓာတ်ခမ်းခြောက်နေတဲ့အခါမှာတော့ ဆီးဟာ အရောင့်ရင့်သွားပြီး ၀ါကျင်ကျင် ဖြစ်လာပါတယ်။ ဒါဆိုရင်တော့ ရေများများသောက်ဖို့ လိုအပ်နေပြီဆိုတာကို ညွှန်ပြတာ ဖြစ်ပါတယ်။

ခေါင်းထဲ မူးနောက်နောက်ဖြစ်ခြင်း

ဆီးသွားတဲ့အခါ ဆီးအရောင်က အရမ်းရင့်နေပြီဆိုရင် ရေဓာတ်ခမ်းခြောက်တာ သေချာနေပြီဖြစ်ပြီး ခေါင်းထဲ မူးနောက်နောက်ဖြစ်တယ်၊ သတိလစ်ချင်သလို ဖြစ်တယ်ဆိုရင်တော့ ရေဓာတ်အမြန်ဆုံးဖြည့်တင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

Pexels/Alexander Dummer

အချိန်အတော်ကြာအောင် ဆီးမသွားခြင်း

နာရီပေါင်းများစွာ ဆီးမသွားတာဟာလည်း ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ဟာ ကိုယ်တွင်းမှာရှိတဲ့ရေဓာတ်ကို အတတ်နိုင်ဆုံး ထိန်းသိမ်းနေရတာကြောင့် ဆီးမသွားနိုင်တော့ပဲ ဖြစ်နေရတာပါ။

READ
မကြာခဏ အအေးမိဖျားနာတတ်သူများ သိထားသင့်သည့် အချက်များ

ရေငတ်နေသလို ခံတွင်းဟာ ခြောက်သွေ့နေခြင်း

ရေငတ်နေသလိုမျိုး ခံတွင်းထဲမှာ ခြောက်သွေ့နေတယ်ဆိုရင် ရေဓာတ်ခမ်းခြောက်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အချို့အရွယ်ရောက်ပြီးလူတွေဟာ ခံတွင်းခြောက်တာ၊ ရေငတ်နေတာတောင် ခန္ဓာကိုယ်မှာ ရေဓာတ်ဖြည့်ဖို့ လိုအပ်နေပြီဆိုတာကို မသိကြပါဘူး။

(၁၂) နာရီကြာ ဆီးမသွားခြင်း

ဆီးမသွားတာ (၁၂) နာရီကြာပြီ၊ လူဟာ တက်ချင်သလိုလိုနဲ့  ၀ရုန်းသုန်းကားဖြစ်နေတယ်ဆိုရင်တော့ ရေဓာတ်ခြောက်ခမ်းမှုပြဿနာဟာ အရမ်းကို စိုးရိမ်ဖွယ် အခြေအနေဖြစ်နေပါပြီ။ ဒီအခြေအနေမှာဆိုရင် အားဆေးရည်ဖြည့်သွင်းပေးတာ၊ ဆေးရုံတင်ပေးတာတွေ ပြုလုပ်ပေးဖို့ လိုအပ်နေပါပြီ။

rawpixel.com

အချို့လူတွေဟာ ရေဓာတ်ခမ်းခြောက်တဲ့ပြဿနာကို သာမန်လူတွေထက် ပိုမိုခံစားရနိုင်ခြေ ရှိပါတယ်။ အသက်ကြီးကြီးငယ်ငယ် ရောဂါတစ်ခုခုကြောင့် ရေဓာတ်ကို (၂၄) နာရီထက် ပိုပြီး မထိန်းသိမ်းနိုင်တဲ့လူတွေကတော့ ရေခဏခဏသောက်ပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ်မှာ ရေဓာတ်လိုနေပြီဖြစ်ကြောင်း အချက်ပေးတဲ့အခါ ရေပဲဖြစ်ဖြစ်၊ သစ်သီးဖျော်ရည်ပဲဖြစ်ဖြစ်၊ ခွန်အားဖြည့် အချိုရည်တွေပဲဖြစ်ဖြစ် သောက်ပေးကြဖို့ လိုအပ်လှကြောင်း တင်ပြပေးလိုက်ရပါတယ်။

READ
ဦးနှောက်ဖောက်ပြန်ချို့ယွင်းမှုကို ထက်ဝက်လျှော့ချပေးနိုင်မယ့် လိမ္မော်ရည်အစွမ်း

လင်းလင်း (ShweMom)

SHARE