လက်ရှိအချစ်ရေးဟာ အရင်ကအချစ်ရေးကြောင့် တိုက်စားနေခံနေရတဲ့ အချက် (၅) ချက်

Shutterstock
Shutterstock

အသက်အရွယ် ရောက်လာတဲ့နဲ့အမျှ လူတိုင်းဟာ မစုံစည်းလိုက်ရတဲ့ ပတ်သက်မှုမျိုးတစ်ယောက်မကရှိကြပါလိမ့်မယ်။ လူသစ်ပြောင်းလဲသွားတာနဲ့ အရင်တုန်းကလူလိုမျိုးကိုယ့်ကို ထားသွားမလားဆိုပြီး စိုးရိမ်ပူပန်တတ်ကြပါတယ်။ ယခင်ကရည်းစားဟောင်းနဲ့အချစ်ရေးကြောင့် သင့်ရဲ့လက်ရှိအချစ်ရေးကို ထိခိုက်စေနိုင်တဲ့ အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဒဏ်ရာဟောင်းကမကျက်သေးဘူး။

Shutterstock

သင်ဟာ လက်ရှိရည်းစားထက် အရင်က ရည်းစားကို ပိုချစ်ကောင်း ချစ်နေနိုင်ပါလိမ့်မယ်။ လက်ရှိရည်းစားနဲ့ အပြင်သွားတဲ့အခါ အရင်ကလူနဲ့ အတူတူသွားဖူးတဲ့ နေရာနဲ့ တိုက်ဆိုင်သွားတဲ့အခါ ကျက်ပြီလို့ထင်ခဲ့တဲ့ ဒဏ်ရာတွေဟာ ပြန်ပြန်နာကျင်လာရပါတယ်။ စိတ်မပြတ်သားသေးတာ အရမ်းဆိုးပါတယ်။

(၂) ဘယ်သူ့ကိုမှ စိတ်ရင်းနဲ့လက်မခံနိုင်တော့ဘူး။

Shutterstock

အတိတ်က ဒဏ်ရာတွေကြောင့် လက်ရှိရည်းစားနဲ့လည်း ပြတ်မှာပဲဆိုပြီး တထစ်ချယုံကြည်ထားတတ်ပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့အရာတစ်ခုပါ။ လူတိုင်းဟာအတူတူမဟုတ်ပါဘူး။ သင့်နားကို ကောင်းခြင်းတွေယူဆောင်လာမယ့်လူတွေကို နောက်ထပ်လက်မလွှတ်ရလေအောင် ရင်ဘတ်ကိုဖွင့်ပြီး တစ်ဖန်ပြန်ခံစားကြည့်ပါ။

(၃) အရင်က အမှားမျိုးမဖြစ်အောင် အတင်းလိုက်ပြင်နေခြင်း။

READ
ချစ်သူကောင်လေးတစ်ယောက်ကို ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ထားနိုင်မယ့်နည်းလမ်း (၅)မျိုး
Shutterstock

လက်ရှိရည်းစားကို သင့်ရဲ့စိတ်က လက်ခံနိုင်ပြီး အချစ်စစ်နဲ့ချစ်သွားမိပြန်တဲ့အခါ ဒီလိုအမှားမျိုး မှားနိုင်ပါတယ်။ အရင်ကလိုအမှားမျိုးမလုပ်မိအောင်၊ ကိုယ်နဲ့သူ့ကြားမှာ အရင်လူနဲ့တုန်းကလို အလွဲကြီးတွေမလွဲသွားရလေအောင် အတင်းလိုက်ပြီး ထိန်းချုပ်တာတွေ၊ မလိုအပ်ဘဲ ပြုမူဆက်ဆံတာတွေဟာ မှားယွင်းတဲ့ လုပ်ဆောင်မှုတွေပါပဲ။ ဥပမာ အရင်ချစ်သူကဖောက်ပြန်သွားတာကြောင့် လက်ရှိချစ်သူကို အရမ်းချုပ်ချယ်လွန်းတာ၊ မိဘသဘောမတူလို့ လမ်းခွဲခဲ့ရတာကြောင့် လက်ရှိချစ်သူနဲ့ သူ့အိမ်ကသဘောတူအောင် အတင်းကြီးတွေလိုက်လျောတာတို့ပေါ့။

(၄) ကိုယ်စိတ်တိုင်းမကျတဲ့ကိစ္စတွေကို ငြှိဖို့မကြိုးစားဘဲ အလွယ်တကူစိတ်ပျက်ဟန်ပြခြင်း။

Shutterstock

အမုန်းနဲ့လမ်းခွဲသွားကြတာမဟုတ်တဲ့ အချစ်ရေးမျိုးမှာ အဖြစ်များတတ်ကြပါတယ်။ အရင်အချစ်ရေးနဲ့ အခုလက်ရှိအချစ်ရေးကို မနှိုင်းယှဉ်သင့်ပေမယ့် တကယ်တမ်း နှိုင်းယှဉ်ကြည့်တဲ့အခါ လက်ရှိအချစ်ရေးက အရာရာနိမ့်ကျနေတဲ့အခါမျိုးမှာ အခုလိုမျိုး စိတ်တိုင်းမကျတဲ့ခံစားမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ လက်ရှိချစ်သူနဲ့လည်း လွယ်လွယ်နဲ့ မပြတ်ချင်သေး၊ ကိုယ်ထင်ထားသလို အရင်ကအချစ်ရေးလောက်တောင်မှ သာယာပျော်ရွှင်ကြည်နူးမှုကို မပေးနိုင်၊ ကိုယ်လိုချစ်တဲ့အချက်တွေကို ပြောဖန်များနေသော်လည်း ဘာမှမထူးတဲ့အခြေအနေဖြစ်ပေါ်လာတဲ့အခါ ကိုယ့်ရဲ့စိတ်တိုင်းမကျမှုတွေကို မြိုသိပ်ထားပြီး တေ့တေ့ဆိုင်ဆိုင်ဖြေရှင်းဖို့ မကြိုးစားတော့ပါဘူး။

READ
သင့်ချစ်သူ သင့်ကိုရူးမတတ်သတိရနေတယ်ဆိုတာသိနိုင်တဲ့အချက် (၅)ချက်

(၅) လူတစ်မျိုးတစ်စားတည်းကိုသာ ကြိုက်နှစ်သက်နေခြင်း။

Shutterstock

အရမ်းချစ်ခဲ့ရတဲ့ ချစ်သူနဲ့ပြတ်သွားတဲ့အခါ အရင်ရည်းစားဟောင်းရဲ့ ရုပ်ဆင်းအင်္ဂါ၊ အသွင်အပြင်၊ စိတ်နေစိတ်ထား၊ အသံ၊ အကျင့်စရိုက် စသည်ဖြင့် အနည်းငယ်မျှဆင်တူတဲ့အချက်တွေကို ပိုင်ဆိုင်ထားတဲ့လူတွေကို အရင်ဆုံးရွေးချယ်တတ်ကြပါတယ်။ အကယ်၍အရင်ရည်းစားကလူရှုပ်လူပွေဆိုပါစို့၊ သင်ဟာစိတ်ထဲမှာတော့ ရှုပ်ပွေတဲ့လူတွေကို မုန်းတီးလေ့ရှိပေမယ့် မသိစိတ်ထဲမှာတော့ အဲဒီလိုလူမျိုးတွေကို နှစ်သက်တဲ့အတွက် လူရှုပ်လူပွေရဲ့ရည်းစားအဖြစ် သံသယာထဲတဝဲလည်နေတတ်ပါတယ်။

(၆) တကယ်မချစ်ခြင်း။

Shutterstock

လက်ရှိရည်းစားကို တွဲမိလိုက်တာဟာ အရင်တုန်းကရည်းစားဟောင်းကို မေ့ချင်ယုံသက်သက်ကြောင့်သာဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ဘက်က ချစ်ခြင်းမေတ္တာမရှိဘဲ လက်တွဲနေရတဲ့အခါ ပြဿနာတွေတက်ကာ ကိုယ့်ကိုယ်ကိုဒုက္ခပေးသလိုမျိုး ဖြစ်တတ်ပါတယ်။

Penny

 

SHARE